၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel မှာ MIC က အောင်မြင်ပြီးမြောက်တဲ့ ကျောင်းသူ/ကျောင်းသားတွေကို ဘွဲ့အပ်နှင်းတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာ MIC ရဲ့ Partner University ဖြစ်တဲ့ University of Northampton, UK က Vice Chancellor ဖြစ်တဲ့ Professor Dr. Nick Petford က မိန့်ခွန်းပြောကြားခဲ့ပြီး MIC ရဲ့ Founder နဲ့ Managing Director ဖြစ်တဲ့ ဒေါ်ပို့ပို့ကြည်က ဘွဲ့ရရှိခဲ့တဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် ဆုမွန်ကောင်းနဲ့ နိုင်ငံအတွက် ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ HND ဘွဲ့ရဦးရေ ၁၅၈ ဦး၊ MBA ရရှိသူဦးရေ ၄၂ ဦးနဲ့ ဘွဲ့လွန်ရရှိသူဦးရေ ၁၀၇ ဦးတို့ကို ဘွဲ့အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။