မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ၂၀၁၄ ဖူဆယ် Ooredoo တံခွန်စိုက်ဖလား တွင် MIC FC အနိုင်ရ ဗိုလ်စွဲ

article landscape wartermark final2 ရက်သတ္တပတ် ခြောက်ပတ်ကြာ ယှဉ်ပြိုင် ကစားတဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ၏ ၂၀၁၄ ဖူဆယ် Ooredoo တံခွန်စိုက် ဖလား ပွဲစဉ်တွေ ဇွန်လ ၂၄ ရက်နေ့က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပွဲစဉ်တွေ အစမှာ ဖူဆယ် အသင်းပေါင်း ၄၂ သင်း ပါဝင် ယှဉ်ပြိုင်ကြကာ ၊ ဗိုလ်လုပွဲမှာတော့ Nay Pyi Taw FC နဲ့ MIC FC နှစ်သင်း ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး MIC FC အသင်း က NPT FC အသင်းကို လေးဂိုး နှစ်ဂိုးနဲ့ အနိုင်ရပြီး တံခွန်စိုက် ဖလားရရှိသွားပါတယ်။ လူမူ ဆက်ဆံရေး နှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညို က  ဆုပေးပွဲတွင်  အခုလို အားကစား စိတ်ဓါတ် တွေ ကျွမ်းကျင်မှုတွေ  အပြည့် နဲ့ သန့်သန့် ရှင်းရှင်း ကစား သွားကြတာ ဒီ တံခွန်စိုက်ပြိုင်ပွဲရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။ ရှေ့နှစ်တွေ မှာလည်း Ooredoo မြန်မာ အနေနဲ့ ဖူဆယ် ပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နဲ့ အတူတူ လက်တွဲပြီး အခုလို ပါဝင်ကူညီဖို့ မျှော်လင့်ပါတယ်။ ဟု ပြောကြားခဲ့ပါတယ်။