Messe Frankfurt ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနား

Frankfurk 1 Messe Frankfurt Myanmar ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကိုရန်ကုန်မြို့ Chatruim Hotel မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Messe Frankfurt ကုမ္ပဏီမှ Senior Vice President Mr Stephan Kurzawskiနဲ့ မြန်မာပြည်ကိုယ်စားလှယ် ဒေါ်သက်စုလှိုင်တို့က ကုမ္ပဏီရဲ့ လုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ ကုမ္ပဏီဖွင့်လှစ်ရခြင်းရည်ရွယ်ချက်တွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ အခမ်းအနားအပြီးမှာတော့ ပွဲတက်ရောက်လာသူတွေရဲ့ သိရှိလိုတဲ့အကြောင်းအရာတွေကို တာဝန်ရှိသူများက ပြောကြားပေးခဲ့ပါတယ်။ Messe Frankfurt ကုမ္ပဏီဟာ နှစ်စဉ်ဝင်ငွေ ယူရိုငါးရာလေးဆယ့်ငါးသန်းဝန်းကျင် ရရှိနေတဲ့ ကမ္ဘာ့အကြီးဆုံးဂျာမနီအခြေစိုက် ကုန်စည်ပြပွဲတွေကိုစီစဉ်ကျင်းပပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာမြန်မာပြည်မှာစီးပွားရေးအကြံပေးနဲ့ ရောင်းဝယ်ဖောက်ကားရေးပြုလုပ်နေတဲ့ စုရွှေနဒီကုမ္ပဏီကိုကိုယ်စားလှယ်ပေးထားပြီး မြန်မာပြည်မှာပထမဦးဆုံး ရုံးခွဲလာရောက်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဟာ မြန်မာကုန်ပစ္စည်းတွေနဲ့ နိုင်ငံခြားကိုထိုးဖောက်ပြသသွားဖို့နဲ့ မြန်မာလုပ်ငန်းရှင်တွေကိုအပြည်ပြည်ဆိုင်ရာဈေးကွက်ကို ဝင်နိုင်အောင် ပြုလုပ်သွားဖို့ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ SME ကဏ္ဍတိုးတက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေပြီး မြန်မာပြည်တွင်းဖြစ် ကုန်ပစ္စည်းတွေနဲ့ နိုင်ငံတကာဈေးကွက်မှာ ဝင်ရောက်ပြသသွားနိုင်ဖို့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်တဲ့အ တွက် နိုင်ငံခြားဝင်ငွေပိုမိုရရှိလာဖို့အတွက်ကိုလည်း တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေတယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက Messe Frankfurt for Myanmar  ရဲ့ ဖုန်းနံပါတ် - ၀၁-၅၂၁၃၆၂ ကိုဆက်သွယ်မေးမြန်းနိုင်ပြီးwww.messefrankfurt.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Messe Frankfurt 4 Messe Frankfurt 5 Messe Frankfurt 6 Frankfurk 2 Messe Frankfurt 7