News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Messe Frankfurt ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနား
Editorial
December 11, 2014
Local News
News
Messe Frankfurt Myanmar ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကိုရန်ကုန်မြို့ Chatruim Hotel မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Messe Frankfurt ကုမ္ပဏီမှ Senior Vice President Mr Stephan Kurzawskiနဲ့ မြန်မာပြည်ကိုယ်စားလှယ် ဒေါ်သက်စုလှိုင်တို့က ကုမ္ပဏီရဲ့ လုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ ကုမ္ပဏီဖွင့်လှစ်ရခြင်းရည်ရွယ်ချက်တွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ အခမ်းအနားအပြီးမှာတော့ ပွဲတက်ရောက်လာသူတွေရဲ့ သိရှိလိုတဲ့အကြောင်းအရာတွေကို တာဝန်ရှိသူများက ပြောကြားပေးခဲ့ပါတယ်။ Messe Frankfurt ကုမ္ပဏီဟာ နှစ်စဉ်ဝင်ငွေ ယူရိုငါးရာလေးဆယ့်ငါးသန်းဝန်းကျင် ရရှိနေတဲ့ ကမ္ဘာ့အကြီးဆုံးဂျာမနီအခြေစိုက် ကုန်စည်ပြပွဲတွေကိုစီစဉ်ကျင်းပပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာမြန်မာပြည်မှာစီးပွားရေးအကြံပေးနဲ့ ရောင်းဝယ်ဖောက်ကားရေးပြုလုပ်နေတဲ့ စုရွှေနဒီကုမ္ပဏီကိုကိုယ်စားလှယ်ပေးထားပြီး မြန်မာပြည်မှာပထမဦးဆုံး ရုံးခွဲလာရောက်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဟာ မြန်မာကုန်ပစ္စည်းတွေနဲ့ နိုင်ငံခြားကိုထိုးဖောက်ပြသသွားဖို့နဲ့ မြန်မာလုပ်ငန်းရှင်တွေကိုအပြည်ပြည်ဆိုင်ရာဈေးကွက်ကို ဝင်နိုင်အောင် ပြုလုပ်သွားဖို့ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ SME ကဏ္ဍတိုးတက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေပြီး မြန်မာပြည်တွင်းဖြစ် ကုန်ပစ္စည်းတွေနဲ့ နိုင်ငံတကာဈေးကွက်မှာ ဝင်ရောက်ပြသသွားနိုင်ဖို့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်တဲ့အ တွက် နိုင်ငံခြားဝင်ငွေပိုမိုရရှိလာဖို့အတွက်ကိုလည်း တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုနေတယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက Messe Frankfurt for Myanmar ရဲ့ ဖုန်းနံပါတ် - ၀၁-၅၂၁၃၆၂ ကိုဆက်သွယ်မေးမြန်းနိုင်ပြီး
www.messefrankfurt.com
မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း