Merlion Cuisine

Merlion Cuisine

Singapore Restaurant

merlion1

စင်ကာပူအစားအစာစစ်စစ်ကို သုံးဆောင်ချင်သူတွေအတွက် ကုန်ကြမ်းပစ္စည်းတွေအားလုံးကို စင်ကာပူနိုင်ငံကနေ တင်သွင်းပြီး စင်ကာပူစားဖိုမှူး Darren Lim ဦးစီးကာ ဟင်းပွဲတွေကို ပြင်ဆင်ပေးနေတဲ့ စင်ကာပူစားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ်လိပ်စာ . . .

Unit 309 ၊ Level 3 ၊ မြန်မာပလာဇာ ၊ ကမ္ဘာအေးဘုရားလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉-၉၇၉၅၁၉၀၀၉ ဖြစ်ပါတယ်။ [email protected] နဲ့ www.facebook.com/merlioncuisine တို့ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

merlion2

ရရှိနိုင်တဲ့ Menu တွေက . . .

စင်ကာပူအရသာနဲ့ ထမင်းနဲ့ခေါက်ဆွဲဟင်းပွဲတွေ၊ ငါး၊ ပုစွန်၊ ပင်လယ်စာဟင်းပွဲတွေ၊ ကြက်၊ ဝက်နဲ့ ဘဲသား ဟင်းပွဲတွေ၊ တိုဟူးဟင်းပွဲတွေ၊ အသီးအရွက်ဟင်းပွဲတွေ၊ Appetizer ဟင်းပွဲတွေ၊ စွပ်ပြုတ်တွေ၊ အချိုပွဲတွေ စသဖြင့် စုံစုံလင်လင်ရရှိပါတယ်။

ဆိုင်ကိုပထမဆုံးလာတဲ့ ဧည့်သည်တွေကို မြည်းစမ်းကြည့်စေချင်တဲ့ ဟင်းပွဲတွေဆိုရင် . . .

စင်ကာပူစတိုင်လ် ကြက်ဆီထမင်း၊ ငရုတ်ဆောစ့်အချိုနဲ့ တိုဟူးကြော်၊ Bak Ku Teh ဆိုတဲ့ ဝက်နံရိုးဟင်းရည်၊ ငါးခေါင်းဟင်းရည်၊ Fried Brinjal ဆိုတဲ့ ဝက်သားနဲ့ခရမ်းသီးကြော်နှပ်၊ စင်ကာပူရိုးရာအချိုပွဲဖြစ်တဲ့ ပိန်းဥနဲ့ နှစ်တစ်ရာသီးပေါင်းတို့ကို အရင်ဆုံးမြည်းကြည့်စေချင်ပါတယ်။

merlion3

ဈေးနှုန်းပိုင်း . . .

ဟင်းပွဲတွေက Medium Size ကို ၆,၅၀၀ ကျပ်ကနေ ၁၃,၅၀၀ ကျပ်အတွင်းရှိပါတယ်။ Large Size ဆိုရင်တော့ ၁၁,၀၀၀ ကျပ်ကနေ ၂၆,၀၀၀ ကျပ်အထိ ရှိပါတယ်။

ဝန်ထမ်းတွေကို Training ပေးတဲ့ အပိုင်း . . .

Chef Team ကို Chef ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ စင်ကာပူကနေ Trainer ခေါ်ပြီးတော့ ဝန်ဆောင်မှုပေးတဲ့ Attitude ပိုင်း၊ Hygience အသိပညာပိုင်းတွေကို Training ပေးပါတယ်။

merlion4

ဝန်ဆောင်မှုပိုင်း ထူးခြားချက် . . .

မီးဖိုးချောင်သုံးပစ္စည်းတွေအားလုံးက ဆိုင်အတွက် အထူးထုတ်လုပ်ပေးထားတဲ့ Stainless Steel ပစ္စည်းတွေဖြစ်ပြီး စင်ကာပူကနေ မှာယူထားတာပါ။ ရေသန့်စင်စနစ်ကို နှစ်ဆင့်တပ်ဆင်ထားပြီး သန့်ရှင်းတဲ့ရေနဲ့ ဟင်းပွဲတွေကို ချက်ပြုတ်ပါတယ်။ နေ့စဉ်နေ့တိုင်း ဟင်းပွဲတွေရဲ့အရည်အသွေးကို စစ်ဆေးပါတယ်။ ဟင်းပွဲတွေမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကိုလည်း စင်ကာပူကနေ တင်သွင်းပါတယ်။ ဆိုင်မှာ ကိုယ်ပိုင်တိုဟူးစက်တပ်ဆင်ထားပြီး နေ့စဉ် လတ်ဆတ်တဲ့တိုဟူးနဲ့ ပဲနို့ကိုလည်း ရရှိနိုင်ပါတယ်။ ဟင်းပွဲတိုင်းကို အချိုမှုန့် လုံးဝမသုံးပါဘူး။

Catering Service . . .

လူတစ်ရာစာ အနည်းဆုံးမှာမယ်ဆိုရင် Catering Service လည်း ပြုလုပ်ပေးပါတယ်။

merlion5

Promotion . . .

ဆိုင်ဖွင့်ပွဲ Promotion အဖြစ် စင်ကာပူစတိုင်လ် ကြက်ဆီထမင်း၊ ငါးချိုချဉ်နဲ့ ထမင်းဖြူ၊ ဟုတ်ကျန်းစတိုင်လ် ခေါက်ဆွဲကြော်၊ စင်ကာပူစတိုင်လ် ညှပ်ခေါက်ဆွဲကြော်နဲ့ ပင်လယ်စာကြာဆံကြော်တို့ကို ၅၀ ရာခိုင်နှုန်း လျှော့ချပြီး ၄,၉၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ ဆိုင်မှာမစားဘဲ Take Away ယူသွားရင် ၅၀ ရာခိုင်နှုန်း လျှော့ပေးတဲ့ Menu တွေလည်း ရှိပါတယ်။

ဇင်မင်း