Mercedes-Benz C-Class ကားမော်ဒယ်သစ်များ မိတ်ဆက်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ C-Class model သစ်တွေကို စက်တင်ဘာလကုန်အထိ နေ့စဉ် ၇ မိုင်၊ ပြည်လမ်းမှာရှိတဲ့ Mercedes-Benz Showroom မှာ သွားရောက်စမ်းသပ်မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ လူအများရဲ့ မျက်ဝန်းတွေမှာ တောက်ပတဲ့ အလင်းတန်းလို့သတ်မှတ်ခံထားရတယ်ဆိုတဲ့ “Mercedes Benz The New C - Class” ရဲ့ မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ “Mercedes Benz the New C – Class” ကို Standard Line အပြင် အမျိုးအစား (၃) မျိုး ပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးအစားတွေကတော့ စတိုင်ကျခေတ်မှီတဲ့ အသုံးအဆောင်များနဲ့ ထည့်သွင်းပုံဖော်ထားပြီး ဆန်းပြားခေတ်မှီတဲ့ အသွင်သဏ္ဍန်ကို ပေးစွမ်းနိုင်တဲ့ “The Exclusive Line၊ ထူးခြားပြောင်မြောက်သော ပုံသဏ္ဍန်နဲ့ ပြိုင်ဘက်ကင်းအသွင်သဏ္ဍန်ရှိတဲ့ The Avantagarde Line နဲ့ Sport ဆန်သော အသုံးအဆောင်များကို အသုံးပြုထားပြီး လျင်မြန်တဲ့ အသွင်သဏ္ဍန်ရှိတဲ့ The AMG Line တို့ပဲဖြစ်ပါတယ်။ မောင်းနှင်သူတွေ အထူးနှစ်သက်လက်ခံနိုင်မယ့် အချက်တွေကတော့ Driving Mode (၅) မျိုး ပါဝင်တဲ့ Agility Package၊ Touch System အသုံးပြုပြီးကားတစ်စီးလုံးကို ထိန်းချုပ်နိုင်မယ့် The Touch Pad System နဲ့ သူမတူ ထူးခြားသော LED Intellignece Light System များပါဝင်ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ကားဝယ်ယူသူများအတွက်လည်း 2 Years Warranty – Unlimited Mileage၊ Complimentary 3 Years Free Servicing (Engine Oil, Oil Filter, Brake Fluid, Air Filter, Dust Filter) နဲ့ Complimentary Paint Protection Plan တို့ကို Special Service Package အနေနဲ့ ပေးထားတယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသော ကားချစ်သူများအနေဖြင့် အမှတ် (၅၁၊ ပြည်လမ်း၊ (၇) မိုင်မှာရှိတဲ့ Mercedes – Benz Showroom ရှိ “Week of The New C – Class” တွင် လာရောက်ကြည့်ရှု စမ်းသပ်မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။