ယဉ်ကျေးလျော်ကန်တဲ့ စီးပွားရေးဆိုုင်ရာ တွေ့ဆုံုစည်းဝေးပွဲတွေအတွက် ကျင့်ဝတ်စည်းမျဉ်းအချို့ ကို သိချင်ပါတယ်။ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ ကျင့်ဝတ်လို့ဆိုလိုက်ရင် ပါဝင်ဆွေးနွေးသူတွေရဲ့ တစ်ဦးအပေါ်တစ်ဦး လေးစားစောင့်ထိန်းမှု၊ စည်းဝေးပွဲအချိန်တိကျမှု၊ ပူးပေါင်းလုပ်ကိုင်လိုစိတ်ရှိတဲ့ ပတ်ဝန်းကျင်အနေအထား စတာတွေဟာ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။ အစည်းအဝေးတစ်ခုမှာ ကျင့်ဝတ်စောင့်ထိန်းမှုနဲ့ တိကျတဲ့အစီစဉ်ရေးဆွဲမှုမရှိရင် ဒီဆွေးနွေးတွေ့ဆုံပွဲဟာ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ထိရောက်အောင်မြင် တဲ့စည်းဝေးပွဲ (Meeting) တွေကို ဖန်တီးနိုင်စေဖို့ ဝန်ထမ်းတွေကို စည်းဝေးပွဲကျင့်ဝတ်တွေ သင်ကြားပေးထားသင့်ပါတယ်။ ရောက်ရှိမှု စီးပွားရေး Meeting ပြုလုပ်မယ့်တည်နေရာကို ၁၅ မိနစ် လောက် စောပြီးကြိုရောက်နေရပါမယ်။ ဒါမှ Meeting မစခင် နေရာကြိုရှာထားနိုင်ပြီး အဆင်သင့်ရှိနေနိုင်မှာပါ။ အစည်းအဝေးအစီအစဉ် (Agenda) အစည်းအဝေးပွဲရဲ့ သဘာပတိဖြစ်သူက အစည်းအဝေးပွဲတက်ရောက်မယ့် သူတစ်ဦးစီတိုင်းကို အနည်းဆုံးတစ်ပတ်လောက် ကြိုတင်ပြီး Agenda တွေ ဖြန့်ဝေထားသင့်ပါတယ်။ အစည်းအဝေးပွဲတက်ရောက်မယ့် တစ်စုံတစ်ဦးက ဒီ Agenda နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောမတွေ့မှု၊ စိုးရိမ်မှုတွေရှိနေတယ်ဆိုရင်တော့ အစည်းအဝေးပွဲမစခင် ၄၈ နာရီထက် နောက်မကျဘဲ သဘာပတိဆီကို ဆက်သွယ်ပြောပြသင့်ပါတယ်။ ဒါမှပြောင်းလဲတိုင်ပင်မှုတွေလုပ်ဖို့ အချိန်ရှိမှာဖြစ်ပါတယ်။ Agenda ထဲမှာ အစည်းအဝေးစမယ့် အချိန်နဲ့ ဆုံးမယ့်အချိန်ကိုပါ ဖော်ပြထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင်ထားမှု စည်းဝေးပွဲတက်ရောက်မယ့်သူတိုင်းဟာ ဒီ Meeting ရဲ့ ရည်ရွယ်ချက်ခေါင်းစဉ်ကို နားလည်ထားဖို့လိုအပ်ပြီး ဒီပွဲမှာ လိုအပ်မယ့်အချက်အလက်၊ ပစ္စည်းစတာတွေအားလုံးကို ယူဆောင်လာရမှာဖြစ်ပါတယ်။ အနားယူချိန် စည်းဝေးပွဲတစ်ခုဟာ နှစ်နာရီကြာတိုင်း အနားယူချိန် တစ်ကြိမ်စီပေးသင့်ပါတယ်။ ဒီလိုကြား Break Time တွေ က မိနစ် ၂၀ လောက်ကြာသင့်ပြီး အစားစားဖို့ကတော့ မိနစ် ၃၀ လောက် ကြာသင့်ပါတယ်။ ဝတ်ဆင်မှု သဘာပတိက စည်းဝေးပွဲတက်ရောက်သူတွေကို စည်းဝေးပွဲဟာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဆွေးနွေးမယ့် Meeting မျိုးလား၊ အခမ်းအနားနဲ့ တက်ရောက်ရမယ့် Meeting မျိုးလားစသဖြင့် ကြိုတင်ဖော်ပြထားသင့်ပါတယ်။ ဒါမှ အသင့်တော်ဆုံးဝတ်စုံကို ရွေးချယ်စဉ်းစားနိုင်မှာပါ။ စကားပြောဆိုုမှု စည်းဝေးပွဲကို စနစ်တကျဖြစ်စေဖို့အတွက် သင်စကားပြောဖို့အလှည့်ကျတဲ့အချိန်မှသာ ပြောဆိုုပါ။ မေးခွန်းမေးဖို့ အချိန်ပေးတဲ့အခါမှသာ လက်ကိုထောင်ပြီး မေးခွန်းမေးလို ကြောင်းအချက်ပြကာ မေးမြန်းပါ။ အခြားတစ်စုံုတစ်ယောက် စကားပြောနေစဉ်မှာ အနှောင့်အယှက်မပေးပါနဲ့။ နားထောင်မှု ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး သင်သိလိုုတဲ့အရာတော်တော်များများဟာ စည်းဝေးပွဲထဲမှာ ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ အာရုံစိုက်နားထောင်ပြီး မှတ်စုရေးမှတ်ထားပါ။ စိတ်လှုပ်ရှားတဲ့အမူအကျင့် စားပွဲပေါ်မှာ ခဲတံနဲ့တတောက်တောက်ခေါက်နေတာမျိုး၊ ဒူးနှံ့နေတာမျိုး၊ စာရွက်တွေကိုုလုံုးခြေနေတာမျိုး အစရှိတဲ့ စိတ်လှုပ်ရှားတဲ့အခါ ပြုမူတတ်တဲ့အမူကျင့်တွေကို ရှောင်ရှားရပါမယ်။ ဆွေးနွေးပွဲပေါ်မှာ အာရုံုမရှိ စိတ်မပါဘူးဆိုုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားနိုင်ပါသေးတယ်။ ဟန်းဖုန်းနဲ့လက်ပ်တော့ပ်များ ဆွေးနွေးပွဲမစခင်မှာ ကြိုတင်ပြီးဖုုန်းပိတ်ထားပါ။ အကယ်၍ အရေးပေါ်ဖုန်းဝင်လာစရာရှိတယ်ဆိုရင်တော့ ဖုန်းကို Vibrate လုပ်ထားပြီး ဖုန်းဝင်လာတဲ့အခါ ခွင့်တောင်းကာ စည်းဝေးခန်းပြင်ပကို ထွက်ပြီးပြောပါ။ စည်းဝေးပွဲမှာ လိုအပ်လို့ လက်ပ်တော့ပ်ကွန်ပျူတာတွေကို အသုံးပြုတာကလွဲရင် လက်ပ်တော့ပ်တွေကိုု ပိတ်ထားပါ၊ ဒါမှမဟုတ် Screen အလင်းရောင်ကိုု လုံးဝလျော့ချထားပါ။ ဧည့်သည်များ ဖိတ်ကြားထားခြင်းမရှိတဲ့၊ စည်းဝေးပွဲနဲ့ မသက်ဆိုင်တဲ့ ဧည့်သည်တွေကို Meeting ခန်းထဲ မခေါ်လာသင့်ပါဘူး။ သင့်အနေနဲ့တစ်စုံုတစ်ဦးကို ဆွေးနွေးပွဲထဲခေါ်လာချင်တယ်ဆိုရင် သဘာပတိကိုဆက်သွယ်ပြီး ကြိုတင်ခွင့်တောင်းထားရမှာ ဖြစ်ပါတယ်။ သဘာပတိက ခွင့်မပြုရင်တော့ ခေါ်ဆောင်လာဖို့မသင့်ပါဘူး။