Medium Size ကုမ္ပဏီအတွင်း ဝန်ထမ်းများအတွက် Training ကို HR Depterment မှ စဉ်းစားပေးခြင်း

Medium Size (Mid Size) လို့ပြောရင် ဝန်ထမ်းပေါ်မှာ မူတည်ပါတယ်။ ဝန်ထမ်းဦးရေက သုံးရာကနေ ငါးရာလောက်ရှိတာကို Mid Size ခေါ်တာလား။ ခေါ်တယ်ဆိုရင် သူ့ရဲ့ Business က ဘာလဲ။ သူ့ရဲ့ Business က ဘယ်ဌာနက ဝန်ထမ်းတွေ များနေသလဲဆိုတာကို ကြည့်ရမယ်။ ပြီးတော့မှ Training နဲ့ ပတ်သက်ရင် ဘယ်လို Training တွေ ပေးရမလဲဆိုရင် အရင်ဆုံး Customer Focus Training ၊ Business Relate ဖြစ်တဲ့ Training ၊ Performance နဲ့ပတ်သက်တဲ့ Training တွေကို အဓိကပေးရမှာဖြစ်ပါတယ်။ ပြီးရင် ဒီ Training တွေကို သူတို့ဆီမှာ သင်ယူဖို့လိုအပ်တဲ့ Learning Need ကို ကျွန်တော်တို့က Analysis လုပ်ရတယ်။ ဒါကို ဘယ်လို Analysis လုပ်ရလဲဆိုရင် LNA လို့ခေါ်တဲ့ Learning Need Accessment နဲ့ လုပ်ရပါတယ်။ ဒီ Accessment တွေက ပုံမှန်လုပ်တဲ့ Performance Appraisal နဲ့ မတူဘူးဆိုတာကို အရင်ဆုံးပြောရပါတယ်။ တကယ်တမ်းပြောရင် Training နဲ့ Learning နဲ့တောင် မတူပါဘူး။

mediumsize

Training ပေးတယ်ဆိုရင် ကိုယ်တတ်တယ်၊ ရတယ်။ ဒါပေမဲ့ ဒီ Training ကို ပြန်ပြီး Applied မလုပ်နိုင်ဘူးဆိုရင် ဒီ Training က သက်ရောက်မှုမရှိပါဘူး။ ကျွန်တော်တို့ကျတော့ Learning လို့ ခေါ်ပါတယ်။ Learning ဆိုရင်တော့ Learning ကိုယ်တိုင်က သင်ယူချင်စိတ်ရှိမှ Learner က သင်ယူပြီး ပြန်အသုံးချချင်တဲ့ စိတ်ရှိမှ Learning လို့ခေါ်ပါတယ်။ ကျွန်တော်ဆိုရင် LNDP Certificate ကို CIDP Learner ကနေ ဒီအသက်အရွယ်ရောက်မှ ယူပါတယ်။ ဒီ Certificate ကို ကျွန်တော်ယူတယ်ဆိုတာ နောက်ထပ်အလုပ်တစ်ခု သွားလုပ်ဖို့လဲမဟုတ်သလို နောက်အလုပ်တစ်ခု ထပ်လျောက်ရင်လည်း ဒီ Certificate ကို ပြဖို့လည်း မဟုတ်ပါဘူး။ ဒါကို ကျွန်တော်သိပြီးတော့ လက်တွေ့အသုံးချတဲ့အခါမှာ အသုံးဝင်သလား၊ ကောင်းသလား၊ ဆိုးသလားဆိုတာကို စမ်းစစ်ဖို့ဖြစ်ပါတယ်။ ဒီ Course က ကောင်းတယ်ဆိုရင် Learner အတွက် Benefit ဖြစ်တယ်။ Learner အတွက် Benefit ဖြစ်တယ်ဆိုရင် Organization အတွက်ကိုလည်း Benefit ဖြစ်စေပါတယ်။

ဒါကြောင့် Mid Size ကုမ္ပဏီတွေအနေနဲ့ LNA ကိုလုပ်သင့်တယ်။ Survey လုပ်သင့်တယ်။ Survey လုပ်တဲ့အခါကျရင် ဝန်ထမ်းကလည်း ကျွန်တော်ဘာသင်ချင်တယ်၊ ဒါထပ်သင်လိုက်ရင်တော့ အလုပ်မှာ ဘယ်လိုအထောက်အကူ ဖြစ်နိုင်မယ်ဆိုတာတွေကို တောင်းဆိုတာတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို သူတို့ဆီက တတ်လာတဲ့ Training Request တွေထဲကမှ Business နဲ့ Relate ဖြစ်တဲ့ Business ကို ချက်ချင်းလက်ငင်း Apply လုပ်လို့ရမယ့်၊ အထောက်အကူပြုမယ့် Training ဆိုရင် ကျွန်တော်တို့က Short Term ၊ Long Term ၊ Mid Term ထားပြီး ပေးသွားရမှာဖြစ်ပါတယ်။ ပြောရရင် Training ထက် Learning က ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ Focus Group တွေလည်း ထားသင့်ပါတယ်။

မျိုးသန်း - Head of Learning and Development, Puma Energy Myanmar Co Ltd