MENU
News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
MCC နှင့် Microsoft တို့ရဲ့ Strategic Alliance MoU လက်မှတ်ရေးထိုးပွဲ
Editorial
June 16, 2014
Local News
News
ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ MICT Park ၊ Conference Hall တွင် Myanma Computer Company (MCC) နှင့် Microsoft Asia Pacific တို့ရဲ့ Strategic Alliances အဖြစ် လက်ရမှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ MCC အနေနဲ့ မြန်မာလူငယ် တွေကို ၂၁ ရာစုနောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို လေ့ကျင့်သင်ကြားနိုင်ရေးအတွက် Microsoft ရဲ့နည်းပညာသင်ရိုးများအပေါ် အမေရိကန်ဒေါ်လာ ရှစ်သောင်းခန့် ရင်းနှီးမြှုပ်နှံကာ လာမယ့် ၃ နှစ်အတွင်း မြန်မာ လူငယ် တစ်သိန်းခန့်ကို Microsoft ရဲ့ Cloud Computing နဲ့ ခေတ်မီနောက်ဆုံးပေါ် နည်းပညာများကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲမှာ MCC ဟာ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော (Gold Learning Partner) ဖြစ်ကြောင်းကိုလည်း Microsoft မှ ကြေငြာသွားခဲ့ပါတယ်။ MCC Group CEO ဒေါ်ချောခင်ခင်က အခုလို Microsoft နဲ့ MCC တို့ ပူးပေါင်းပြီး Microsoft ကျွမ်းကျင်မှု သင်တန်းများ ပြုလုပ်ပေးတာကြောင့် မြန်မာလူငယ်တွေအနေနဲ့ Cloud Computing ၊ Cloud Services နဲ့ App Development စတဲ့ နည်းပညာတွေနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းရရှိလာနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ [caption id="attachment_11941" align="alignnone" width="370"]
ဦးတင်ဝင်းအောင်
Chairman
MCC Group[/caption] [caption id="attachment_11940" align="alignnone" width="370"]
César Cernuda
President
Microsoft Asia Pacific[/caption] Microsoft ရဲ့ ကျွန်းကျင်မှုသင်တန်းကို MCCi လို့ခေါ်တဲ့ (MCC Training Institute) ရဲ့ Campus တွေမှာ တက်ရောက်နေတဲ့ B.Sc. (Hon:) Business IT ကျောင်း သားကျောင်းသူတွေသာမက IT နဲ့ တိုက်ရိုက် မပတ်သက်သော ကျောင်းသားကျောင်းသူတွေကိုလည်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ကြောင်း၊ MCCi အောက် မှာရှိတဲ့ Campus တွေနဲ့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ MCC Center ပေါင်း (၁၇၀) ကျော်တွင် Microsoft Certification (၃) မျိုးကို သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်ကြားပေးသွားမယ့် Certification ၃ မျိုးမှာ Microsoft Certified Solution Associate (MCSA) ၊ Microsoft Certified Solution ၊ Developer (MCSD) နှင့် Microsoft Certified Solution Expert (MCSE) တို့ဖြစ်ကြောင်း သိရပါတယ်။ MCC Group ဥက္ကဋ္ဌ (Chairman) ဦးတင်ဝင်းအောင်က ဒီလို သင်ကြားပေးမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ ''အနာဂတ်မှာ public sector မှာပဲလုပ်ငန်းလုပ်လုပ်၊ Finance ၊ Retail နဲ့ Education ကဏ္ဍတို့လို private sector မှာပဲ လုပ်ငန်းလုပ်လုပ် ခေတ်မီ IT skill ဆိုတာကတော့ ကဏ္ဍတိုင်းအတွက် လိုအပ်ချက်ဖြစ်လာမှာပါ။ နိုင်ငံတကာအသိအမှတ်ပြု Microsoft ရဲ့ training နဲ့ certificates နဲ့အတူ cloud-ready professional တွေကို မွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ထားပြီး မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းမှာ ပိုပြီး ယှဉ်ပြိုုင် ပါဝင်နိုင်သူအဖြစ် ပြုလုပ်သွားမှာဖြစ်ပါတယ်'' လို့ ပြောပါတယ်။ Microsoft Asia Pacific ရဲ့ ဥက္ကဌ Cesar Cernuda က“တိုင်းပြည်ရဲ့ လူ့စွမ်းအားစုအင်အားကို အရည်အချင်းမြှင့်တင်ပေးဖို့ဆိုတာ ဘယ်အချိန်ဘယ်ကာလ ရယ်လို့ ရွေးဖို့မလိုပါဘူး၊ ဘယ်အချိန် လုပ်လုပ် အလွန်မှန်ကန်ကောင်းမွန်တဲ့ လုပ်ရပ်ပါပဲ။ အာရှနဲ့ ပစိဖိတ်ဒေသဟာ အလွန်လျင်မြန်တဲ့နှုန်းနဲ့ တိုး တက်လျက်ရှိနေပြီး လာမယ့် ဆယ်စုနှစ်အတွင်းမှာ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုအပိုင်းမှာ ကမ္ဘာ့ဦးဆောင်ဖြစ်ဖို့ နည်းပညာပိုင်းဆိုင်ရာ အရည်အသွေးတွေလည်းရှိနေတာဖြစ်ပါတယ်။ Microsoft ဟာ အဲဒီလို စံအပြောင်းအရွေ့အတွက် အထူးသဖြင့် economy ပိုင်းတိုးတက်လာနေတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေကို ကူညီ ပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ Microsoft ဟာ အဲဒီလို နိုင်ငံတွေရဲ့ နိုင်ငံသားတွေကို ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေ ထောက်ပံ့ပြီး မှန်ကန်သင့်တော်တဲ့ကျွမ်းကျင်မှုတွေကိုလည်း ဖြည့်ဆည်းပေးကာ ဒေသတွင်း ထွက်ပေါ်လာမယ့် အခွင့်အလမ်းသစ်အမြောက်အများ ပိုမိုရရှိနိုင်အောင်ကူညီနေတာဖြစ်ပါတယ်'' လို့ ပြောပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း
Previous Slide
Next Slide