မှားတယ်ဆိုတာထက် လိုအပ်ချက်တွေလို့ပဲ ကျွန်တော့်အနေနဲ့ သုံးနှုန်းချင်ပါတယ်။ (မန်နေဂျာရာထူးတာဝန်ယူ ကာစ) လူသစ်ဆိုရင် အသစ်အလျောက် လိုအပ်ချက်တွေ လေ့လာသင်ယူရမှာတွေရှိသလို လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ လိုအပ်တာတွေ ရှိနိုင်ပါတယ်။ ဥပမာဆိုရင် သူ Delegate လုပ်လိုက်တဲ့သူက တကယ်ကျွမ်းကျင်တာလား၊ မကျွမ်းကျင်တာလားဆိုတာကို တကယ် Judge မလုပ်နိုင်ဘဲနဲ့ Delegate လုပ်မိတာမျိုးဖြစ်ပါတယ်။
နောက်တစ်မျိုးက သူ Delegate လုပ်လိုက်တဲ့သူက အရင်တုန်းက သူနဲ့အတူလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့အတွက် (လက်ရှိသူက မန်နေဂျာဖြစ်သွားတဲ့အခါ တစ်ဆင့်မြင့်သွားတော့) သူအလုပ်ပေးလိုက်တာကို လိုလိုလားလား စိတ်ပါလက်ပါ လက်ခံပြီးတော့ လုပ်အောင်ဆိုရင် Delegate လုပ်တဲ့အချိန်မှာ သေသေချာချာညှိနှိုင်းဖို့ လိုအပ်ပါတယ်။ အဲဒါကို သတိထားဖို့လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ သူက သူ့ရဲ့ Subordinate ကို အရမ်းယုံကြည်ပြီးတော့ Delegate လုပ်လိုက်ပါတယ်။ လုပ်လိုက်ပြီးတော့ Control နဲ့ Monitor မလုပ်ခဲ့ဘဲနဲ့ အားလုံးပြီးတဲ့အခါမှ ပြန်ကြည့်တဲ့အခါမှာ လိုအပ်တဲ့အတိုင်းမဖြစ်တာတို့၊ ဖြစ်ချင်တဲ့အတိုင်း မဖြစ်တာတို့ ဖြစ်တတ်ပါတယ်။
မန်နေဂျာတွေအနေနဲ့ သတိထားရမှာကတော့ ဒီ Delegation Process တစ်ခုလုံးမှာ Monitor လုပ်နေရပါမယ်။ နည်းနည်းလွဲသွားရင် Control ပြန်လုပ်ပေးရမယ်။ အဲဒီလိုလုပ်နေတဲ့အချိန်မှာ မန်နေဂျာအနေနဲ့ လိုအပ်ချက် ရှိနိုင်ပါတယ်။ ဥပမာပြောရင် မန်နေဂျာတစ်ယောက်ရဲ့ Authority လိုနေတာမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒါမျိုးတွေကို သတိမထားဘဲနဲ့ ထားထားလိုက်မယ်ဆိုရင် မှားယွင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မန်နေဂျာအသစ်တွေအနေနဲ့ကတော့ အဲဒါလေးတွေ သတိထားသင့်ပါတယ်။
နောက်တစ်ချက်က Delegate တအားလုပ်တဲ့အခါမှာ Team က Overload ဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့် Team က Overload ဖြစ်နေလား မဖြစ်နေလားဆိုတာကို ကိုယ်ကကြည့်နေရမှာဖြစ်ပါတယ်။ Overload ဖြစ်တဲ့နေရာမှာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုမှမလုပ်နိုင်တော့လို့ Capacity မရှိတော့လို့ ဖြစ်နိုင်သလို၊ နောက်တစ်ခုက Capacity Increase လေး လုပ်ပေးလိုက်ရင် Overload မဖြစ်တော့ဘဲနဲ့ သူတို့စွမ်းဆောင်နိုင်လာတယ်ဆိုတာမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကိုတော့ မန်နေဂျာအနေနဲ့ သတိထားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ့် Team ရဲ့လိုအပ်ချက်တွေကိုလည်း ကြည့်ရပါတယ်။ ကိုယ့်အနေနဲ့ ဘာတွေပံ့ပိုးပေးလို့ရမလဲ၊ ပိုပြီးလွယ်ကူအောင် ဘာလုပ်ပေးနိုင်မလဲဆိုတာတွေ ကြည့်ရပါတယ်။ ဥပမာ Delegate လုပ်ထားတဲ့ ကိစ္စတစ်ခုခုကို ကိုယ့် Team ကလုပ်နေပေမယ့် ရှေ့ဆက်လုပ်လို့မရတဲ့ အခြေအနေမျိုးတွေရှိနေရင် ကိုယ့်အနေနဲ့ နည်းနည်းဝင်ပါပေးလိုက်ရင် ပိုမြန်သွားတာမျိုးရှိနိုင်တဲ့အတွက် အဲဒါမျိုးတွေကို တစ်ချိန်လုံးကြည့်ပေးရမှာဖြစ်ပါတယ်။ Delegation လုပ်ရင် Delegate လုပ်လိုက်တယ်ဆိုပြီး လွှတ်ပေးထားပြီး၊ ပြီးမှ ပြန်လာခဲ့ဆိုတာမျိုး လုပ်တာကတော့ ဘယ်လိုမှမလုပ်သင့်တဲ့ Delegation မျိုး ဖြစ်ပါတယ်။
ဦးဇေယျသူရမွန် - Chairman & CEO, RGK+Z&A Group (RGKZNA.com)