Delegation လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ မန်နေဂျာအများစု မှားတတ်လေ့ရှိတဲ့အမှားများ

delegate1

ဒီတာဝန်ခွဲဝေပေးမှုလို့ခေါ်တဲ့ Delegation ဖြစ်စဉ်မှာ အများစုမှားတတ်တာက တကယ် Delegate လုပ်ရမယ့် Right Person မဟုတ်သူကို Delegate လုပ်မိတာ၊ Delegator မှန်သော်လည်း အဲဒီသူကို လုပ်ပိုင်ခွင့် Empowerment လုံလုံလောက်လောက်မပေးဖြစ်တာ၊ ဒီ Empowerment မှာ Authority နဲ့ Responsibility ပေါင်းစပ်ထားပါတယ်။ နောက်ထပ် Empowerment ပေးပေမယ့်လည်း လုပ်ရမယ့် Procedure တွေ အတိအကျနဲ့ ဘယ်အခြေအနေ၊ ဘယ်အဆင့်အထိလိုချင်တယ်၊ ဘယ်အပိုင်းတွေကတော့ ဘယ်အချိန်ပြီးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေမပါဘဲ Delegate လုပ်တာတွေလည်းရှိတယ်။ Instruction Clear မဖြစ်တာမျိုးပါ။

ဒါတွေအားလုံး ပြည့်ပြည့်စုံစုံနဲ့ Delegate လုပ်သော်လည်း စောင့်ကြည့်တည့်မတ်ပေးတဲ့ Monitoring Control အားနည်းတာ (သို့မဟုတ်) Monitoring မလုပ်တာတွေဟာလည်း မှားယွင်းချက်တွေဖြစ်တယ်။

တစ်ခါတစ်လေအတွက်တော့ မှန်ကောင်းမှန်ပေမယ့် အမြဲတမ်းဆို မမှန်နိုင်တဲ့ Delegation ဆိုင်ရာ အမှားတစ်ချို့လည်း ရှိတယ်။ Delegate မလုပ်ဖြစ်တာမျိုးပါ။ ဥပမာ . . . ကိုယ်တိုင်လုပ်တာက ပိုမြန်ပါတယ်လေဆိုပြီး ကိုယ်ချည်းပဲ အရာရာလုပ်တာ၊ ''သူ့ရှင်းပြနေရင် အချိန်ကုန်ပါတယ်လေ'' ဆိုပြီး Delegate လုပ်သင့်ချိန်မှာ မလုပ်လိုက်တာတွေလည်း ရှိပါတယ်။ Delegator တို့ Delegation Power တို့ မရှိရင်လည်း Delegation မလုပ်နိုင်ဖြစ်တတ်တဲ့အတွက် ဒါတွေရှိအောင် ကြိုပြင်ထားဖို့လိုပါတယ်။

Delegate လုပ်တဲ့နေရာမှာ ဘယ်လိုအချက်တွေကို သတိထားဆင်ခြင်ရမလဲ

-----------------------------

Delegation လုပ်တဲ့အခါ သတိထားဖို့လိုတာတွေက လက်ခံရယူသူရဲ့ Capability လုပ်ကိုင်နိုင်စွမ်းအားကို သေချာသိအောင်လုပ်ပြီးမှ လုံလောက်တဲ့အချိန်၊ အခွင့်အာဏာ၊ နေရာပေးဖို့ လိုပါတယ်။ လုံလောက်တဲ့အချိန်၊ နေရာမပေးရင် Quality မကောင်းနိုင်သလို အခွင့်အာဏာရှိတဲ့ Authority မရရင်လည်း အလုပ်ကပြီးမြောက်ဖို့ ခက်ခဲတတ်ပါတယ်။ Authority ဆိုတဲ့နေရာမှာ Financial Authority ၊ Administrature Authority တွေလိုမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ငွေဘယ်လောက်ထိကို ဆုံးဖြတ်အသုံးပြုနိုင်၊ ရာထူးဘယ်လောက်အဆင့်ကို ခေါ်ယူအသုံးပြုနိုင်တယ်ဆိုတာမျိုးပေါ့နော်။

နောက်တစ်ခုက တာဝန်ခွဲပေးသူနဲ့ လက်ခံသူဆိုတာ Communication ကောင်းဖို့လိုပါတယ်။ ခွဲဝေပေးပြီးရောဆိုပြီး ပစ်ထားလို့မရပါဘူး။ အလုပ်ကိစ္စအကြီးတွေဆိုရင် ပြီးမြောက်သလောက် Reporting System ကောင်းကောင်းနဲ့ Report လုပ်ခိုင်းရမယ်။ အလုပ်နဲ့ တာဝန်ကို မရှင်းပြခင်မှာ ဒီအလုပ်ရဲ့ ရည်မှန်းချက်ပန်းတိုင် (Goal) က ဘယ်လိုဖြစ်တယ်၊ Objective က ဘာဖြစ်တယ်ဆိုတာ အရင်ပြောပြရပါတယ်။ ဒါက အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ရင် ခုတ်ရာတစ်ခြား၊ ရှရာတစ်လွဲဖြစ်တတ်ပါတယ်။ ဒီ Goal တွေ Objective တွေနဲ့အတူ အရေးကြီးတဲ့ နောက်တစ်ခုက တာဝန်ခံမှုဆိုတဲ့ Accaountability ပါ။ လွှဲပြောင်းပေးလိုက်တဲ့အခန်းကဏ္ဍအတွက် လွှဲပြောင်းရယူသူကို အဲဒီအပိုင်းလေးအတွက် တာဝန်ခံရမယ်ဆိုတာ အသိပေးဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ရင် လျော့ရိလျော့ရဲ Result တွေရလာဖို့ သေချာနေပါလိမ့်မယ်။

နောက်ဆုံးတစ်ခုပြောချင်တာကတော့ Delegation အလုပ်အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ရင်လည်း ပြီးမြောက်မှုအတွက် Delegator ကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းပြဖို့လိုပါတယ်လို့ ပြောကြားလိုပါတယ်။

ဒေါက်တာတင်မမစိုး - HR Consultant cum MD, Billion Force Services Co Ltd