ဒေါက်တာတင်မမစိုး - HR Consultant cum MD, Billion Force Co Ltd
Management Team ကပဲ စီမံခန့်ခွဲမယ်ဆိုရင် Internal Control ကောင်းဖို့လိုပါတယ်။ Internal Control ကောင်းဖို့အတွက် SOP (Standard Operation Procedure) တွေ ရေးဆွဲထားသင့်တယ်။ SOP တွေ ရေးဆွဲထားမယ်ဆိုရင် Internal Control ကောင်းကောင်းလုပ်လို့ရပြီ။ SOP ဆိုတာက ဌာနအလိုက်မှာ ဌာနတစ်ခုချင်းစီက အဲဒီဌာနမှာ ဘာတွေ အဓိကလုပ်ရလဲဆိုတာ သတ်မှတ်မယ်။ အဓိကအလုပ်ကြီး ရှစ်ခုရှိတယ် ဆိုပါတော့၊ ဒီရှစ်ခုထဲမှာ နံပါတ်တစ်တစ်ခုထဲမှာမှ အဆင့်အဆင့်ဘာတွေလုပ်ရမလဲ။ ဥပမာ- HR က ဝန်ထမ်းသစ်ထပ်ခန့်မယ်ဆိုရင် အဆင့်ဆင့်ဘယ်လိုသွားမလဲဆိုတာ အစီအစဉ်တွေ ချရေးထားမယ်။
ဝန်ထမ်းလစာတွေ တွက်မယ်ဆိုရင် အစီအစဉ်အလိုက် ဘာတွေလုပ်မလဲဆိုတာမျိုး SOP တွေ ရေးဆွဲထားသင့်တယ်။ အဲဒီလို SOP တွေရေးဆွဲပြီး တစ်ပတ်တစ်ခါ Reporting System ကောင်းကောင်းနဲ့ Report လုပ်နေပေးဖို့ လိုတယ်။ နောက်ပြီး CCTV တပ်ထားတာလိုမျိုးတွေလုပ်ပြီး CCTV Report တွေကိုလည်း ကြည့်လို့ရတယ်။ CCTV ကြည့်တာကတော့ ရုပ်ပိုင်းဆိုင်ရာတွေကိုပဲ ကြည့်လို့ရမယ်။ အလုပ်ပြီးမြောက်မှုတွေကိုတော့ Reporting System တွေထဲမှာ SOP တွေအတိုင်း သွားရဲ့လားဆိုတာ ကြည့်သင့်တယ်။ ပြီးတော့ Management Team ကို လုပ်ပိုင်ခွင့်တွေ ပေးထားသင့်တယ်။ လုပ်ပိုင်ခွင့်ဆိုတဲ့ နေရာမှာ Authority နဲ့ Responsibility ကို သင့်တင့်လျောက်ပတ်စွာ ပေးထားသင့်တယ်။
Management Team နဲ့ စီမံခန့်ခွဲခြင်းရဲ့ကောင်းကျိုးကတော့ သူတို့ကို လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့အခါမှာ သူတို့က Motivate ဖြစ်တယ်။ Motivate ဖြစ်ပြီး Empowerment လည်း ပေးထားတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာလည်း မြန်မြန်ဆန်ဆန်ပြီးမြောက်တယ်။ MD ၊ Director တို့က လွှဲထားရမယ့်သူတွေဖြစ်လို့ ယုံကြည်စိတ်ချရတဲ့သူတွေဖြစ်ဖို့ လိုတယ်။ MD ၊ Director တွေက Mangement Team ကို ယုံကြည်စိတ်ချစွာ လွှဲထားလို့ရတဲ့အတွက် လက်ရှိလုပ်ငန်းကို ချဲ့ထွင်လုပ်နိုင်သလို တခြားလုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်သွားနိုင်တယ်။ စနစ်နဲ့ပေါ်လစီတွေအပြင် အဓိက SOP နဲ့ စည်းကမ်းကောင်းကောင်းတွေကို ရေးဆွဲထားမယ်ဆိုရင်တော့ MD ၊ Director တွေမရှိရင်လည်း ဒီလုပ်ငန်းက လည်ပတ်သွားလို့ရတယ်။ Reporting System နဲ့ Internal Control ကောင်းဖို့တော့ လိုပါတယ်။ ပြီးတော့ ဝန်ထမ်းအချင်းချင်းတွေဆီက ဘယ်သူက ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို အကဲဖြတ်ကြည့်နေမယ်ဆိုရင် တစ်ဦးချင်းရဲ့ အခြေအနေကို သိနိုင်ပါတယ်။
Management Team ကပဲ စီမံခန့်ခွဲခြင်းရဲ့ ဆိုးကျိုးအနေနဲ့ကတော့ MD တွေ ၊ Director တွေက Management Team နဲ့ အချိန်အကြာကြီး Attachment မဖြစ်တဲ့အတွက် Motivate ကျသွားနိုင်တယ်။ Management Team က သူတို့ကို အရေးမစိုက်ဘူး၊ သူတို့လုပ်ကိုင်တာတွေကို အသိအမှတ်မပြုဘူး ဆိုပြီးတော့ပေါ့နော်။
နောက်တစ်ခုက Daily Operation အနေနဲ့ အဆင်ပြေနိုင်ပေမယ့် Strategic Idea တွေ ၊ Strategic Plan ဆွဲတဲ့အခါမှာတော့ နည်းနည်းအခက်အခဲ ရှိနိုင်တယ်။ Corporate Strategy ၊ Business Strategy ၊ Functional Strategy တွေနဲ့ ချိတ်ဆက်ပြီး ဘယ်လိုသွားရမယ်ဆိုတဲ့ Strategically သွားမယ့် အလုပ်တွေမှာတော့ အားနည်းသွားနိုင်တယ်။ Management Team က ဒီလို Strategy ပိုင်းကိုတော့ မလုပ်နိုင်ပါဘူး။
ဦးမျိုးသန်း၊ Head of HR and Learning and Development, PUMA Energy Myanmar
Entrepreneurship နဲ့အများကြီးသက်ဆိုင်ပါတယ်။ ဝန်ထမ်းတွေကို ဘယ်လောက်ထိ Freedom ပေးထားသလဲဆိုတဲ့ပေါ်မူတည်တယ်။ Management Team ရဲ့ Confidence Level ဘယ်လောက်ရှိသလဲ၊ Management လုပ်တဲ့နေရာမှာ အတွေ့အကြုံ ဘယ်လောက်ရှိသလဲ၊ ဆုံးဖြတ်ပိုင်ခွင့် ပေးထားသလားဆိုတဲ့အပေါ် မူတည်ပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ပေးတယ်ဆိုရင် Management Team မှာ လုပ်ပိုင်ခွင့်ရှိကိုရှိရမယ်။ ဥပမာ- ကျွန်တော်တို့ဆီမှာ Delication Of Authority(DOA) ဆိုတာ ရှိတယ်။ DOA မှာ ဘယ် Level က ငွေပမာဏဘယ်လောက်ဆိုရင် ချက်ချင်းဆုံးဖြတ်ပိုင်ခွင့် ရှိတယ်၊ ငွေပမာဏ ဘယ်လောက်ဆိုရင် ဘယ်သူ့ခွင့်ပြုချက်လိုတယ်ဆိုတာ သတ်မှတ်ထားပြီးသားဖြစ်တယ်။ Management Team မှာ DOA ရှိတယ်ဆိုရင်တော့ ဘာမှစိုးရိမ်စရာမလိုပါဘူး။