အလှူအတန်းရက်ရောသူတွေထဲမှာ Facebook ရဲ့ Mark Zuckerberg ထိပ်ဆုံးကဦးဆောင်

[caption id="attachment_7720" align="alignnone" width="300"]Mark Zuckerberg နှင့် ဇနီးတို့အား မင်္ဂလာဆောင်စဉ်က တွေ့ရစဉ် Mark Zuckerberg နှင့် ဇနီးတို့အား မင်္ဂလာဆောင်စဉ်က တွေ့ရစဉ်[/caption] ၂၀၁၃ ခုနှစ်မှာ အလှူအတန်းရက်ရောခဲ့ကြတဲ့ ချမ်းသာသူတွေထဲမှာ Facebook ရဲ့ CEO Mark Zuckerberg နဲ့ ဇနီးဖြစ်သူတို့က အမေရိကန် ဒေါ်လာ ၉၉၂ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။ ဘီလီယံနာ Zuckerberg  နဲ့ သူ့ရဲ့ဇနီးတို့ဟာ Facebook ရဲ့ ရှယ်ယာ ၁၈ သန်းကို Silicon Valley Community Foundation ကို လှူဒါန်းခဲ့တာဖြစ်တယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ အမေရိကန် ဒေါ်လာ သန်း ၆၀ က အများဆုံး လှူဒါန်းမှုပမာဏဖြစ်ခဲ့ပါတယ်။ အခုလို လှူဒါန်းမှုပမာဏတိုးလာတဲ့ အကြောင်းအရင်းဟာ စတော့ရှယ်ယာဈေးနှုန်းတွေတက်လာတာကြောင့်ရယ်၊ လူတွေက စီးပွားရေး ပိုကောင်းလာတယ်ဆိုတဲ့အပေါ်မှာ ယုံကြည်မှုရှိလာတာကြောင့်ဖြစ် ပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ အများဆုံး လှူဒါန်းသူစာရင်းမှာ Nike Inc.  ရဲ့ Chairman  Phil Knight  နဲ့ ဇနီးက ဒုတိယနေရာမှာ ရှိနေပြီး Oregon Health & Science University Foundation  ကို ကင်ဆာရောဂါ သုတေသနအတွက် အမေရိကန် ဒေါ်လာသန်း ၅၀၀ လှူဒါန်းဖို့ ကတိပြုခဲ့တာဖြစ်တယ်။ အဲဒီစာရင်းမှာ တတိယချိတ်သူ ကတော့ နယူယော့မြို့တော်ဝန် Michael Bloomberg ဖြစ်ပြီး  John Hopkins တက္ကသိုလ်ကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ လှူဒါန်းဖို့ကတိပြုခဲ့တာဖြစ်တယ်။

Ref: latimes.com