News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Marge Landmark မှ အကယ်ဒမီအိန္ဒြာကျော်ဇင်အား Myanmar Ambassador အဖြစ် “One Night in Dagon” ပွဲတွင်ခန့်အပ်
Editorial
August 4, 2014
Local News
News
Marga Landmark Development Company Limited ရဲ့ “One Night in Dagon” ပွဲအား၂၀၁၄ ခုနှစ်သြဂုတ်လ ၁ ရက်နေ့တွင် Sule Shangri-La ဟိုတယ် မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကိုရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ချီးမြှင့်မိန့်ခွန်းပြောကြားခဲ့ပြီး Marga Landmark ရဲ့ အမှုဆောင်များ၊ ရန်ကုန် မြို့တော်ဝန်၊ တရုတ်နိုင်ငံ၊ ကိုရီးယားတို့မှ သံတမန်များတက်ရောက်ခဲ့ကြပါတယ်။ Marga Landmark အနေနဲ့ မြန်မာနိုင်ငံရှိ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုရန် နှစ်စဉ်ရရှိထားသောအမြတ်ငွေရဲ့ ၂ ရာခိုင်နှုန်းကိုအသုံးပြုသွားမှာဖြစ်ကြောင်းကြေငြာခဲ့ပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်အား မြန်မာနိုင်ငံ brand ambassador အဖြစ် ကြေငြာခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်သည် Marga Landmark ရဲ့ပထမဆုံး TV ကြော်ညာတွင် ဦးဆောင်ပါဝင်မည်ဖြစ်ပြီးMarga Landmark ရဲ့ပထမတန်းစားအဆင့်မြင့် အိမ်ရာစီမံကိန်းဖြစ်တဲ့ Dagon City 1 အတွက် ရိုက်ကူးမယ့် ကြော်ငြာများတွင် ပါဝင်သွားမယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ရဲ့ Brand ကို အိန္ဒြာကကိုယ်စားပြုသွားပေးမှာ ဖြစ်လို့အရမ်းဝမ်းသာအားရမိပါတယ်။ အိန္ဒြာရဲ့ စတိုင်နဲ့ နေထိုင်မှုတွေက Dagon City 1 နဲ့ အံဝင်ဂွင်ကျပါပဲ သူ့မှာစံပြပုဂ္ဂိုလ်တစ်ယောက်မှာရှိသင့်တဲ့ ခိုငိမာတဲ့ စိတ်ဓာတ်နှင့်ကူညီချင်တဲ့ စိတ်အားထက်သန်မှုတွေအပြည့်ရှိပါတယ်။ အိန္ဒြာကပြေတီဦးဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံကအခြားလူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လျက်ရှိနေပါတယ်” လို့ Marga Landmark မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr. John Barnes မှပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲတွင် Marga Landmark မှ ပြည်တွင်းရှိ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ပြေတီဦးဖောင်ဒေးရှင်းအားအလှူငွေ သိန်း၅၀ နဲ့အတူ ဆိပ်ကြီးခနောင်တိုအခြေခံအထက်တန်းကျောင်းအား ငွေကျပ် သိန်း ၁၀၀ လှူတန်းခဲ့ပါတယ်။ ဒါဟာ Marga Landmark အနေနဲ့ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးသောလုပ်ဆောင်ချက်ဖြစ်တယ်လို့ သိရပါတယ်။ “လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် အကျိုးပြုလုပ်ဆောင်ပေးဖို့ဆိုတာMarga Landmark ရဲ့ ဆောင်ပုဒ်ထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ါ်မှာရေရှည်ခံ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်ဖို့ ပညာရေးအတွက် အဓိကထားတဲ့ ဖောင်ဒေးရှင်းထူထောင်ဖို့ အစီအစဉ်တွေရှိနေပြီးဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အနာဂတ်ကလူငယ်တွေရဲ့ လက်ထဲမှာရှိနေတယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ကျွန်တော်တို့အဖွဲ့ဝင်တွေက တရုတ်နိုင်ငံမှာကလေးတွေကိုထောက်ပံ့ပေးခဲ့တဲ့ မှတ်တမ်းတွေလည်းရှိပြီးအခုလည်း မြန်မာနိုင်ငံကလူငယ်တွေကိုကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာနိုင်ငံက နိုင်ငံသားများအားလုံးအပေါ်ယုံကြည်ချက် အပြည့်ရှိနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှာ ကျွန်တော်တို့ရရှိမယ့်အကျိုးအမြတ်ရဲ့ ၂ ရာခိုင်နှုန်းကို ပြည်သူ့အကျိုးပြု လုုပ်ငန်းတွေမှာအသုံးပြုသွားဖို့ သဘောတူကတိပြုခဲ့ပါတယ်” လိ့ု Marga Landmark ရဲ့ ဥက္ကဌ ဖြစ်သူ Dr. Stephen Suen က ပြောကြားသွားခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း