Manulife Insurance ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနား

8

ကမ္ဘာ့အကြီးဆုံး ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ Manulife Insurance ကမြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Sule Shangri-La Hotel မှာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ် Mr Mark McDowell ၊ မြန်မာ့အာမခံလုပ်ငန်း၏ မန်းနေးဂျင်း ဒါရိုက်တာနှင့် မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ (IBSB) ၏ အတွင်းရေးမှုး ဦးအေးမင်းသိန်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘဏ္ဍာရေးဝနကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း နဲ့  Manulife Insurance ရဲ့ ဒေသတွင်းအမှု့ဆောင် Mr Indren Naidoo တို့က သဘောတူညီချက်လက်မှတ်များ ရေးထိုးခဲ့ကြပြီး နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။ Manulife Insurance ဟာ ကနေဒါအခြေစိုက် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း ၇၀ လောက်ဝေးကွာပြီးမှ အခုအခါမြန် မာ့ဈေး ကွက်ကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ Manulife Insurance ရဲ့ ဒေသတွင်းအမှု့ဆောင် Mr Indren Naidoo ကလည်း “အခုလိုမျိုး Manulife Insurance အနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်းဝင်ရောက်လာနိုင်တာဟာ တကယ့်ကိုဂုဏ်ယူစရာပါပဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ အသက်အာမခံ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ  ဖွံ့ဖြိုးလာဖို့အတွက် အထောက်အပံ့ကောင်းတွေ ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ article landscape wartermark final1 article landscape wartermark final12 15 5 7 article landscape wartermark final13 2 4 article portrait watermark final3 10 11 9