Manufacturing Myanmar 2015 အကြိုစာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ ကုန်သည်/စက်မှုအသင်းချုပ်ရှိ စက်မှုကုန်ထုတ်လုပ်သူများအသင်းရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့ကိုယ့်ရဲ့ကုန်ထုတ်လုပ်နိုင်စွမ်းကို ပိုမိုတိုးမြင့်နိုင်စေမယ့် ကမ္ဘာတစ်ဝှမ်းမှ နည်းပညာတွေကိုလေ့လာခွင့်ရမယ့် Manufacturing Myanmar 2015 ပွဲကို MEP မှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်ကနေ ၁၇ ရက် (နံနက် ၉ နာရီကနေ ညနေ ၅ နာရီ)အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဒုတိယအကြိမ်မြောက် ပြု လုပ်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ပြသသူပေါင်း ၆၀ ကျော် လာရောက်ပြသမှာဖြစ်ပါတယ်။ ပြသသူတွေအနေနဲ့ နိုင်ငံတကာဈေးကွက်မှာရောင်းအားအကောင်းဆုံး နည်းပညာတွေနဲ့ မြန်မာနိုင်ငံအတွက် ဆန်းသစ်မယ့်ထုတ်လုပ်ရေးကိရိယာတွေကို ရွေးချယ်ပြသသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက http://manufacturingmyanmar.com နဲ့ Facebook အနေနဲ့ဆိုရင် Manufacturing Myanmar မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။