ဂျပန် Casual အင်္ကျီစတိုးဆိုင် Uniqlo ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံ စတိုးဆိုင်ကြီးတစ်ခုဖွင့်လှစ်မယ့်အကြောင်း ပြောကြားထားပါတယ်။ ၄,၁၀၀ စတုရန်းမီတာအကျယ်အဝန်းရှိတဲ့ ဒီစတိုးဆိုင်ကြီးကို စက်တင်ဘာလလယ်နဲ့ ဒီဇင်ဘာလအတွင်းမှာ မနီလာမြို့အနီး၊ မာကတီမြို့က Glorietta 5 ဈေးဝယ်မောလ်ထဲမှာ ဖွင့်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဂျပန်လက်လီကုမ္ပဏီ Fast Retailing Co လက်အောက်က Uniqlo ဟာ ဖိလစ်ပိုင်နိုင်ငံမှာ စတိုးဆိုင်ပေါင်း ငါးဆယ်ဝန်း ကျင်ရှိပါတယ်။ အခု စီစဉ်ထားတဲ့ စတိုးဆိုင်ဟာ ကမ္ဘာအနှံ့က ဈေးကွက် ၁၁ ခု မှာ Uniqlo ရဲ့ ၁၅ ဆိုင်မြောက် Flagship စတိုးဖြစ်ပါတယ်။ နောက်ဆုံး ဆိုင်ခွဲတွေ ဖွင့်ဖြစ်တာက Uniqlo ရဲ့ အရှေ့တောင်အာရှနဲ့ အိုရှန်းနီးယားရောင်းအားက ခန့်မှန်းခြေ ၁၁၀ ဘီလီယံယန်းထိ တိုးမြှင့်လာခဲ့ပြီး လုပ်ငန်းအမြတ်ရရှိမှုက ပြီးခဲ့တဲ့နှစ်က ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ၁၄ ဘီလီယံယန်းဝန်းကျင်ထိ နှစ်ဆတိုးလာတာကြောင့် ဖြစ်ပါတယ်။