
ကားပြပွဲတွေ များလာတဲ့အတွက် ပြပွဲလာပရိသတ် နည်းပါးမှုအပေါ်မှာ စိတ်ဝင်စားမှုရှိလာအောင် ဘယ်လို အစီအစဉ်တွေ ပြုလုပ်ထားပါသလဲ။
အရင်တုန်းကတော့ Car Showroom တွေ၊ Sales Centre တွေ သိပ်မရှိသေးတဲ့အတွက်ကြောင့် အရင်ကားပြပွဲတွေက လူစိတ်ဝင်စားမှု ပိုများပါတယ်။ နောက်ပိုင်းပြပွဲတွေမှာ စိတ်ဝင်စားမှု လျော့ကျလာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ မတူညီတဲ့ အချက်နှစ်ချက် ရှိပါတယ်။ အဲဒါတွေကတော့ မော်တော်ကား ဝယ်ယူချင်တဲ့သူတွေအတွက် ကိုယ်ဝယ်ယူလိုတဲ့ကားအကြောင်းနဲ့ ပတ်သက်လို့ အခမဲ့ ဆွေးနွေး တိုင်ပင်ပေး တဲ့ ဝန်ဆောင်မှု၊ နောက်တစ်ချက်က ဒီပြပွဲကို လာကြည့်တဲ့သူတွေရဲ့ကား တွေကို ကွန်ပျူတာနဲ့ အခမဲ့ စစ်ဆေး ပေးတဲ့ ကောင်တာ ခြောက်ခု ဖွင့်လှစ်ပေးထားပါတယ်။ တစ်ရက်ကို ကားစီးရေ တစ်ရာ စစ်ဆေးပေးမယ်။ တကယ်လို့ ကားရဲ့ Software Error ရှိရင်လည်း တခါတည်း ပြုပြင်ပေးသွားဖို့ ရှိပါတယ်။အရင်နှစ်တွေကထက် လူတိုင်းကားဝယ်စီးနိုင်တဲ့ အနေအထားနဲ့ ကားစီးရေ များပြားလာမှုတွေဟာ ရှေ့ဆက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ထင်ပါသလဲ။
လက်ရှိရန်ကုန်မှာတော့ ကားများလာတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ၊ Car Parking မရှိတဲ့ ပြဿနာတွေပေါ့။ ဒါတွေကို အစိုးရဘက်က စနစ်တကျနဲ့ ပြန်လည်ပြင်ဆင်ပေးဖို့ လိုမယ်။ နောက်တစ်ခု လိုအပ် ချက်ရှိနေတာက ကျေးလက်ဒေသမှာ ထော်လာဂျီနဲ့ သုံးဘီးဆိုင်ကယ်ကို သုံးနေတုန်းပါပဲ။ ဒါကြောင့် အစိုးရ အနေနဲ့ ကျေးလက်ဒေသမှာ ကားစီးနိုင်အောင် ဘယ်လိုမျိုးများ ပေါ်လစီတွေ ချမလဲဆိုတာ အရေးကြီးပါတယ်။ ထူးထူးခြားခြား ထပ်ဖြစ်လာနိုင်တာက မြန်မာ့မော်တော်လုပ်ငန်းဆိုင်ရာဥပဒေ (Myanma Auto Mobile Law) ပြဌာန်းသွားဖို့ ရှိနိုင်ပါတယ်။ အဲဒီဥပဒေအရဆိုရင်တော့ မြန်မာ့မော်တော်ကားလောကနဲ့ ပတ်သက်ပြီး အပြောင်း အလဲ အနေအထားတစ်ခု ရှိနိုင်ပါတယ်။









