
မလေးရှားစီးပွားရေးဟာ ဒုတိယသုံးလပတ်မှာ ၄.၃ ရာခိုင်နှုန်းတိုးလာပြီး နှစ်စဉ်တိုးတက်မှုနှုန်းကို အခြေခံပြီး လေ့လာချက်အရ နှေးကွေးနေတဲ့အတွက် ဗဟိုဘဏ်ရဲ့ တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက် ကို လျော့ချဖို့သတိပေးလိုက်သလို ဖြစ်ပါတယ်။ BankNegara ထုတ်ပြန်ကြေညာခဲ့တဲ့ စီးပွားရေးတိုးတက် မှုနှုန်းဟာ ဆန်းစစ်လေ့လာသူတွေရဲ့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒုတိယသုံးလပတ်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း ၅.၄ ရာခိုင်နှုန်းကနေ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ပြည်ပ နိုင်ငံတွေရဲ့ မလေးရှားကုန်စည်ဝယ်လိုအား ကျဆင်းနေတာကြောင့်ဖြစ်တယ်လို့ BankNegara က ဆိုပြီး ဒီနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ခန့်မှန်းထားရာကနေ ၄.၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ပြောင်းလဲခန့်မှန်းခဲ့ပါတယ်။
Ref: CNA