Making the Modern World
by Vaciav Smil
ဒီစာအုပ်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာပါမောက္ခ Vaciav Smil က ရေးသားခဲ့ပြီး လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေ အသုံးပြုမှု၊ ရုပ်ဝတ္ထုပစ္စည်းနောက် လိုက်မှုတွေများပြားလာတဲ့အတွက် ကုန်ကျစရိတ်များပြားလာကြောင်းနဲ့ အနာဂတ်မှာ ရုပ်ဝတ္ထုဦးစားပေးမှု လျှော့ချရမယ့်အလားအလာအကြောင်း အဓိကဆွေးနွေးထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်တဲ့ Bill Gates က ''Smil ဟာ ကျွန်တော်သိပ်ကိုကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့စာအုပ်ဟာ ဒီနေ့ခေတ်ရဲ့လူနေမှုဘဝနဲ့ပတ်သက်တဲ့ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အသိအမြင်အသစ်တွေကို ပေးပါတယ်'' လို့ ပြောပါတယ်။
''လူအများစုက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပတ်သက်လာရင် ဘယ်လောက်လိုအပ်ပြီး ဘယ်လောက်သုံးရမယ်ဆိုတာ သိပ်မတွေးကြပါဘူး။ ဒါပေမဲ့ ဒါက ကမ္ဘာ့အဆင်းရဲဆုံးလူသားတွေကို သူတို့ရဲ့ဘဝတွေ တိုးတက်အဆင်ပြေဖို့အတွက် ကူညီနိုင်တဲ့အချက်ဖြစ်ပါတယ်'' လို့ Gates က ဆိုပါတယ်။
''လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း အမေရိကန်နဲ့ တခြားချမ်းသာတဲ့ နိုင်ငံအများစုက လူတွေရဲ့ လူနေမှုဘဝတွေဟာ အံ့သြစရာကောင်းအောင် တိုးတက်လာတာကို စဉ်းစားကြည့်ပါ။ ဒါမျိုး နောင်လာမယ့် နှစ် ၅၀ အတွင်းမှာ ကမ္ဘာပေါ်က လူသားအားလုံးရရှိနိုင်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်'' လို့ Gates က ထပ်ပြောပါတယ်။