ရန်ကုန်မှာရှိတဲ့ တစ်ခုတည်းသော ဂျာမန်အစားအစာများရရှိနိုင်တဲ့ စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သန့်ရှင်းနွေးထွေးတဲ့ပြင်ဆင်မှုနဲ့အတူ ဝန်ထမ်းများရဲ့ဖော်ရွေမှုကလည်း ဒီဆိုင်ရဲ့ဆွဲဆောင်မှုတစ်ခုပါ။
Menu . . .
Authentic ဖြစ်တဲ့ ဂျာမန်အစားအသောက်များအပြင် သန့်ရှင်းလတ်ဆတ်တဲ့ သတ်သတ်လွတ် ဟင်းလျာများလည်းရရှိနိုင်ပြီး ပီဇာအမျိုးမျိုး၊ ဆဲလ်မွန်ငါး၊ ငါးသလောက်(Herrings) အပါအဝင် ငါးဟင်းလျာအမျိုးမျိုး၊ ဝက်သားဟင်းလျာအမျိုးမျိုးရွေးချယ်နိုင်ပါတယ်။ ပြီးတော့ တစ်နှစ်ကို နှစ်ကြိမ်လောက် မီနူးတွေကို အသစ်ပြန်လည်ပြင်ဆင်တယ်လို့လည်းသိရပါတယ်။ ဆိုင်မှာ အတွေ့အကြုံရင့် ဂျာမန်လူမျိုးစားဖိုမှူးကိုယ်တိုင် ကြီးကြပ်လေ့ကျင့်ပေးထားတဲ့ စားဖိုမှူးတွေက ချက်ပြုတ်တာဖြစ်တယ်လို့ သိရပါတယ်။
Mahlzeit German Restaurant ဟာ ဂျာမန်လူမျိုးများအတွက်သာမက ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်နဲ့ ဆွီဒင်လူမျိုးတွေအတွက်လည်း မိမိဒေသစာနဲ့အနီးစပ်ဆုံး အစားအသောက်များကို ရရှိစေမှာဖြစ်လို့ နိုင်ငံခြားသားတော်တော်များများလည်း အကြိုက်တွေ့တယ်လို့သိရပါတယ်။ Business Lunch အစီအစဉ်လည်းရှိပြီး အဲဒါကိုတော့ အပတ်စဉ် ပြောင်းလဲပြင်ဆင်တယ်လို့ သိရပါတယ်။
Cocktails အမျိုးမျိုးနဲ့ ဖျော်ယမကာအမျိုးမျိုး၊ ဘီယာအမျိုးမျိုးရရှိနိုင်ပြီး မြန်မာနိုင်ငံအတွင်း ဂျာမန်နည်းပညာနဲ့ချက်လုပ်ထားတဲ့ ဂျာမန်ဘီယာလည်း ဆိုင်မှာရရှိနိုင်ပါတယ်။
ထူးခြားတဲ့ဟင်းပွဲတွေအနေနဲ့ကတော့ ဆိုင်စဖွင့်ချိန်ကတည်းကနေ လက်ရှိအထိ လူကြိုက်များတဲ့ ဝက်ခြေထောက်ဟင်းပွဲ (Pork Knuckls)၊ Sausage အမျိုးမျိုးပါဝင်တဲ့ Feast Platter ၊ ဂျာမန် Döner Kebab တစ်မျိုးဖြစ်တဲ့ Mahlzeit Döner တို့ရှိပါတယ်။ နောက်ပြီး ကြိုတင်မှာထားမှရတဲ့ ဝက်မြေမနင်းသားဟင်းပွဲ (The suckling pig dish) ကိုလည်း လူကြိုက်များတယ်လို့ သိရပါတယ်။
ဆိုင်ဖွင့်ချိန် . . .
နေ့လယ် ၁၁ နာရီမှ ည ၁၀ အထိ ဖြစ်ပါတယ်။
ဈေးနှုန်း . . .
ဈေးနှုန်းတွေကတော့ အနည်းဆုံး ၄,၀၀၀ ကျပ်မှ အများဆုံး ၃၅,၀၀၀ ကျပ်အထိ ဖြစ်ပါတယ်။
Mahlzeit Café . . .
Mahlzeit Café က Mahlzeit Restaurant နဲ့ မျက်နှာခြင်းဆိုင်မှာတည်ရှိပြီးတော့ ဒီဆိုင်က မနက် ရး၃၀ မှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပါတယ်။ Coffee ၊ Tea ၊ Smoothies အမျိုးမျိုး ပေါင်မုန့်၊ ကိတ်မုန့်၊ အချိုပွဲတွေကိုလည်း သင့်တင့်တဲ့ဈေးနှုန်းများနဲ့အတူ ရရှိနိုင်မှာဖြစ်ပါတယ်။
ဆိုင်လိပ်စာ . . .
အမှတ် ၈၄ ပန်းလှိုင်လမ်း
၀၉-၇၈၄ ၁၅၁၂၅၀
www.mahlzeit-myanmar.com
https://www.facebook.com/mahlzeitmyanmar