လင်းသိုက်ညွှန့်(မြန်မာ့မြေ)၏ စာအုပ် သစ် မိတ်ဆက်ပွဲနှင့် Website မိတ်ဆက်ပွဲ၊ ဘဝအောင်မြင်ရေးဟောပြောပွဲကျင်းပ

article landscape wartermark final2 လင်းသိုက်ညွန့်(မြန်မာ့မြေ)ရဲ့ စာအုပ်သစ်မိတ်ဆက်ပွဲ၊ Official Website  မိတ်ဆက်ပွဲနဲ့ စာပေဟောပြောပွဲကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာမှာ ကျင်းပခဲ့ပါတယ်။ ဆရာလင်းသိုက်ညွန့်က စာအုပ်အသစ်ဖြစ်တဲ့ Let's Go Singapore Trip စာအုပ်နဲ့ Official Website  www.lynnthaiknyunt.com  တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။  အဲဒီစာအုပ်ဟာ ဆရာလင်းသိုက်ညွန့် စင်္ကာပူကို သွားခဲ့တဲ့ခရီးစဉ်အကြောင်းကို ခရီးသွားမှတ်တမ်းအနေနဲ့ ရေးသားထားပြီး စင်္ကာပူအကြောင်းကို ဓာတ်ပုံတွေနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ စာအုပ်က Online နဲ့ Offline  နှစ်မျိုး ရေးထားပြီး စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို လက်တွေ့ခံစားလိုပါက သူ့ရဲ Website ထဲမှာ ဒီစာအုပ်နဲ့ ပတ်သက်ပြီး Page တစ်ခုရှိပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်လို့ သိရပါတယ်။ အဲဒီနောက် ဘဝအောင်မြင် ရေးစာပေဟောပြောပွဲအစီအစဉ်အဖြစ် အနုပညာမြောက်စွာ အောင်မြင်ခြင်း ခေါင်းစဉ်နဲ့ဟောပြောခဲ့ပါတယ်။ ဟောပြောပွဲမှာ ဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ လူငယ်တွေက အဓိကကျကြောင်း၊ လူငယ်တွေအနေနဲ့ အခက်အခဲဘယ်လိုပဲကြုံကြုံ ရင်ဆိုင် ဖြေရှင်းပြီး မိမိဘဝနဲ့ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဖို့ လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့အခြေအနေတွေကို နှိုင်းယှဉ်ပြပြီး လူငယ်တွေ စိတ်ဓာတ်တက်ကြွလာအောင် ဟောပြောခဲ့ ပါတယ်။ ဟောပြောပွဲအပြီးမှာ ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ)က စာအုပ်တွေကို အမှတ်တရလက်မှတ်ရေး ထိုးပေးခဲ့ပါတယ်။ article portrait watermark final5 article landscape wartermark final8 article landscape wartermark final6 article landscape wartermark final4 article landscape wartermark final3