ကမ္ဘာ့ရေပန်းအစားဆုံး တန်ဖိုးကြီးဇိမ်ခံအိမ်ခြံမြေဈေးကွက်ဖြစ်လာတဲ့ ဂျကာတာ

[caption id="attachment_8943" align="alignnone" width="720"]အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျကာတာ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျကာတာ[/caption] ဂျကာတာမှာ အိမ်ခြံမြေဈေးတွေ အံ့သြဖွယ် စံချိန်တင်ထိုးတက်ခဲ့ပြီးတဲ့ နောက်မှာ ကမ္ဘာ့ဦးဆောင်အိမ်ခြံမြေအကြံပေးလုပ်ငန်းတစ်ခုက ဂျကာတာကို ကမ္ဘာ့ရေးပန်းအစားဆုံး တန်ဖိုးကြီး ဇိမ်ခံအိမ်ခြံမြေဈေးကွက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိမ်ခြံမြေ ဝယ်ယူသူ အများစုဟာ အသက် ၄၅ နှစ် ကျော်အရွယ် စွန့်ဦး တီထွင်အမျိုးသား လုပ်ငန်းရှင်တွေဖြစ် ပြီး သူတို့က ဇိမ်ခံအိမ်ခန်းတွေကိုရင်း နှီးမြှုပ်နှံမှု အနေနဲ့သာမကဘဲ ဒုတိယအိမ်အဖြစ် သဘောထားပြီး  ဝယ်ယူကြတာဖြစ် တယ်။ ၂၀၁၃ ခုနှစ် မှာ ဂျကာတာရဲ့ အမြင့်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ သူ့ရဲ့အနောက်မှာ ရပ်တည်နေတဲ့ အိုင်ယာလန်နိုင်ငံရဲ့မြို့တော် ဒပ်ဘလင် ထက် နှစ်ဆမြင့်တက်ခဲ့ပါတယ်။ ဂျကာတာရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၃၇.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ ပါတယ်။  ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးတိုးတက်မှု အားကောင်းခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းဇိမ်ခံအိမ်ခြံမြေဈေးကွက်မှာ ရောင်းအားဆက်လက် ကောင်းနေဆဲဆိုတာကို ဖော်ပြနေပြီး ငွေကြေးချမ်းသာကြတဲ့ ပြည်တွင်းလုပ် ငန်းရှင်တွကလည်း အမြတ်အစွန်း   များတဲ့ဇိမ်ခံအိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြပါ တယ်။ ဒါပေမဲ့  တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက်ဟာ ဂျကာတာ အိမ်ခြံမြေဈေး ကွက်ကြီး တစ်ခုလုံးရဲ့ ၁.၁ ရာခိုင်နှုန်း ပဲရှိပြီး စီးပွားရေးအခွင့်အလမ်းကောင်း တဲ့ဈေးကွက်ဖြစ်နေပါသေးတယ်။

Ref: CNA