Geely က Lotus မှာ ရှယ်ယာဝယ်

lotus

Volvo ကားတံဆိပ်ပိုင်ရှင်နဲ့ တရုတ် ကားထုတ်လုပ်သူဖြစ်တဲ့ Geely က ဗြိတိန် Sport car ထုတ်လုပ်သူ Lotus မှာ ငွေ ၅၁ ရာခိုင်နှုန်းလောက်ကို ဝယ်ယူခဲ့တယ်လို့ ပြောပါတယ်။ ဒီ deal ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် Geely က  Proton of Malaysia မှာ ရှယ်ယာအနည်းငယ်ကိုလည်း ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ Geely က Lotus ရဲ့ နည်းပညာတွေကို ရယူသုံးစွဲနိုင်ဖို့  မျှော်လင့်ပါတယ်။ ဥပမာ Lotus ရဲ့ Eco Elise ပရောဂျက်ဖြစ်ပြီး ဒါက ကားရဲ့ လေထုညစ်ညမ်းစေမှုပမာဏကိုလျှော့ချနိုင်အောင်လုပ်ပေးတဲ့ပစ္စည်းတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။