Loaf & Rice (Bar & Restaurant)

loaf&rice5

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ် . . .

အမှတ် ပ ၅/၇၃၊ ၆၂ လမ်း၊ ၄၂ လမ်း_၄၃ လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိပြီး ဖုန်းနံပါတ် ၀၉၄၂၀၉၇၈၀၄၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆိုင်ဖွင့်ခဲ့တဲ့ ခုနှစ်နဲ့ ဆိုင်ဖွင့်ဖြစ်ပုံ . . .

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်က Urban Building & Interior Architecture Co Ltd ရဲ့ Founder တွေပါ။ ဒီဆိုင်က ကျွန်တော်တို့ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုပါ။ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်တာဖြစ်သလို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကို စိတ်ဝင်စားလို့လည်း ဖွင့်ဖြစ်ခဲ့တာပါ။

loaf&rice4

ရနိုင်တဲ့ Menu တွေ . . .

အဓိကကတော့ ထိုင်းအစားအစာတွေ ပိုများပါတယ်။ ဥရောပအစားအစာနဲ့ တရုတ်အစားအစာတွေလည်း ရပါတယ်။ Loaf & Rice ရဲ့ ကိုယ်ပိုင်စတိုင်လ်နဲ့ ချက်တဲ့ Special ဟင်းပွဲတွေ ပိုများပါတယ်။ ဥပမာ- ယိုးဒယားစတိုင်လ် ကျွဲကောသီးထောင်း၊ စပါးလင်ကြက်တောင်ပံကျော် စတာတွေရှိတယ်။ Menu အားလုံးပေါင်း တစ်ရာကျော်လောက် ရှိပါတယ်။ Bar မှာလည်း သောက်စရာစုံစုံလင်လင် ရှိပါတယ်။ ကော်ဖီ၊ Fresh Juice ၊ Cocktail မျိုးစုံနဲ့ နိုင်ငံခြားအရက်တွေလည်း ရပါတယ်။ Cocktail ထဲမှာ ဆိုင်ရဲ့ Signature Cocktail တွေက လူကြိုက်များပါတယ်။

loaf&rice2

ဈေးနှုန်းတွေက . . .

အနည်းဆုံးဈေးနှုန်းက ရောင်းအားအကောင်းဆုံးဖြစ်တဲ့ ကျွဲကောသီးထောင်းက သုံးထောင်ကျပ်ပါ။ အများဆုံးဈေးနှုန်းက Special ဟင်းပွဲတွေဖြစ်တဲ့ ပင်လယ်စာဟင်းပွဲက ၁၈,၀၀၀ ကျပ်ပါ။ ဥရောပအစားအစာထဲမှာ ဘန်ကောက်ဘက်က တင်သွင်းတဲ့ ဆယ်လ်မွန်ကတော့ ကိုးထောင်ကျပ်၊ ၉,၅၀၀ ကျပ်ရှိပါတယ်။ Beef ထဲမှာ သြစတြေးလျက တင်သွင်းတဲ့ Beef က ၁၄,၀၀၀၊ ၁၅,၀၀၀ ကျပ်နဲ့ Local Beef ကတော့ ခုနစ်ထောင်၊ ရှစ်ထောင်ကျပ်လောက်ရှိပါတယ်။ Cocktail တွေဆိုရင်လည်း ပုံမှန်ငါးထောင်ကျပ်နဲ့ ခုနစ်ထောင်ကျပ်အတွင်းပဲ ရှိပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ပုံမှန်ဆိုင်ဖွင့်ချိန်တွေကတော့ မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ သြင်္ကန်ရက်တွေနဲ့ သီးခြားညွှန်ကြားတဲ့ရက်တွေ (ဥပမာ - ဆယ်တန်းဖြေပြီးတဲ့ရက်မှာ ဆိုင်ပိတ်ပါဆိုတာမျိုး) ပိတ်ပါတယ်။

loaf&rice3

ဆိုင်ရဲ့ထူးခြားချက် . . .

ဆိုင်ရဲ့ အဆောက်အအုံတစ်ခုလုံးနဲ့ ဆိုင်အပြင်အဆင်တွေ အားလုံးကို ကျွန်တော်တို့ကိုယ်တိုင် အစအဆုံး စိတ်ကြိုက်ဆောက်လုပ်ခဲ့ပြီး အချိန်ကာလခြောက်လအတွင်းမှာ ဆောက်လုပ်ပြီးစီးခဲ့တယ်။ မီးဆင်ထားတာကအစ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး တရုတ်ပြည်က သီးသန့်မှာယူခဲ့ပါတယ်။ ဆိုင်က သုံးထပ်ရှိပါတယ်။ ခေါင်မိုးထပ်မှာ မွေးနေ့ပွဲတွေ၊ Party တွေ ကျင်းပရင် အဆင်ပြေတယ်။ ဆိုင်ရှေ့က မနောရမန်ဥယျာဉ်ရှိနေတော့ မြင်ကွင်းလည်း တအားလှပါတယ်။ နေရာကလည်း လူငါးဆယ်လောက် လွတ်လွတ်လပ်လပ်နေလို့ရတဲ့အထိ ကျယ်ဝန်းပါတယ်။ ခေါင်းမိုးထပ်ကတော့ လူတိုင်းအတွက် ထူးခြားမယ်လို့ ထင်ပါတယ်။ ဟင်းပွဲတွေကလည်း ကိုယ်ပိုင် Creation လုပ်တာများတဲ့အတွက် ပုံမှန်ဟင်းပွဲတွေထက် ထူးခြားမှာပါ။

loaf&rice1

အနာဂတ်အစီအစဉ် . . .

အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမယ်။ နောက်ပိုင်းမှာ မနက်စာလည်း လုပ်သွားမယ်။ မနက်စာကို ဟိုတယ်တွေလို Buffet ပုံစံ၊ ဒါမှမဟုတ် Dimsum လုပ်မလားဆိုတာ ဈေးကွက်ပေါ် မူတည်ပြီးတော့ လုပ်သွားမှာပါ။

ရေဗက္ကာ