အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Lippo Group သည် အမြတ်အစွန်းများ ပိုမိုရရှိရန် ဆောင်ရွက်မှုတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ကျန်းမာရေး၊ ပညာရေးနှင့် ဘဏ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တိုးမြှင့်မြှုပ်နှံရန် စီစဉ်နေကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Jakarta Globe သတင်းစာတွင် ရေးသားထားကြောင်း၊ Lippo Group ၏ ကျန်းမာရေးစောင့်ရှောက်မှုဌာနတစ်ခုအဖြစ် စာရင်းသွင်းထားသည့် Siloam International Hospital သည် မြန်မာနိုင်ငံတွင် ဆေးရုံသစ် ၁၂ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆေးရုံတစ်ရုံကို တစ်လ သို့မဟုတ် နှစ်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကာ အခြားဆေးရုံများကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဆေးရုံတွေ ဖွင့်လှစ်ဖို့အတွက် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကနေ သန်း ၅၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကာ ဆေးရုံတစ်ရုံစီအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကနေ အမေရိကန်ဒေါ်လာ သန်း ၆၀ ဝန်းကျင် သုံးစွဲသွားမည်ဟု Lippo Group မှ အမှုဆောင်ချုပ် ဂျိမ်းစ်တီရီယာဒီက ဧပြီလ ၂၀ ရက်တွင် ဂျကာတာမြို့တော် ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် (၂၄)ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးများတွင် ပြောကြားကြောင်း သိရှိရပါသည်။
REF : The Mirror