KMD နဲ့ Lenovo တို့ပူးပေါင်းပြီးကျင်းပတဲ့ Lenovo VIBE Shot Smartphone မိတ်ဆက်ပြသတဲ့ပွဲကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-La Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ KMD Computer Group ရဲ့ President ဒေါ်တင်တင်အေးက Lenovo ရဲ့ နောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီ Mobiles Devices တွေကို မြန်မာနိုင်ငံမှာရှိတဲ့ အသုံးပြုသူတွေကိုအချိန်နဲ့ တပြေးညီဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်စေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Lenovo Mobile ရဲ့ AP Mobile Business Vice President ဖြစ်တဲ့ Mr.Dillon Ye က နောက်ဆုံးပေါ်နည်းပညာကို လေ့လာအသုံးပြုလိုတဲ့သူတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ Lenovo Smartphone နဲ့ Tablet တွေကို KMD Computer Group က မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းအရောင်းကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချပေးနေတယ်လို့လည်းသိရပြီး အသေးစိတ်သိရှိလိုရင် ဖုန်း ၀၁-၃၈၁၁၂၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။