ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .
Chatrium Hotel Royal Lake Yangon ၊ အမှတ် - ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဖုန်းနံပါတ် - ၀၁ ၅၄၄၅၀၀ လိုင်းခွဲ ၆၂၃၁၊ [email protected] ကို ဆက်သွယ်နိုင်ပါတယ်။
ဆိုင်စတင်ဖွင့်လှစ်တဲ့ ခုနှစ် . . .
Chatrium Hotel ရှိ နာမည်ကြီး လူကြိုက်များတဲ့ Kohaku ဂျပန်စားသောက်ဆိုင်ကို ခေတ်မီလှပတဲ့ဒီဇိုင်းနဲ့ ဂျပန်ရိုးရာ အသွင်အပြင်စတိုင်လ်တို့ ပေါင်းစပ်ပြီး ၂၀၁၄ ခုနှစ်မှာစပြီး အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ဆိုင်ဖွင့်ချိန်နဲ့ ရရှိနိုင်တဲ့ Menu တွေက . . .
Kohaku ဂျပန်စားသောက်ဆိုင်ဟာ Chatrium ဟိုတယ်ရဲ့ ပထမထပ်မှာ တည်ရှိပြီး နေ့စဉ်နေ့လယ်စာ ၁၁း၃၀ ကနေ ညစာ ၁၄း၃၀ ကို တည်ခင်းပေးနေပါတယ်။ Kohaku ကို ရောက်ရင် Kohaku ရဲ့ နာမည်ရဟင်းလျာတွေဖြစ်တဲ့ နော်ဝေးဆော်လမွန်ငါးအသုပ် (Nowegian Salmon Sashimi) ၊ ဂျပန်ကိုဘေးပြည်နယ်ရဲ့နာမည်ကြီး အမဲသားကြော် (Japanese Kobe Beef Steak) ၊ Kohaku ကိုယ်ပိုင်စတိုင်လ် ဘန်တိုအစုံ (Kohaku Bento Set) ၊ Sukiyaki နဲ့ ShabuShabu ဟော့ပေါ့တို့ကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပြင် Kohaku ရဲ့ Weekends (Friday ၊ Saturday နဲ့ Sunday) တိုင်းမှာ ရရှိနိုင်တဲ့ Deluxe Buffet Dinner က ဧည့်သည်တွေအကြား ရေပန်းစားလှပါတယ်။ Beverage ပိုင်းမှာတော့ Japanese Sake မျိုးစုံနဲ့ ဂျပန်အရက်ပြင်းတစ်မျိုးဖြစ်တဲ့ Shochu ကိုလည်း ရရှိနိုင်ပါတယ်။ Whisky ၊ Gin ၊ Rum ၊ Wine ၊ Vodka ၊ Tequila ၊ Mocktail ၊ Cocktail ၊ Myanmar Draught Beer တို့လည်း ရရှိမှာဖြစ်ပါတယ်။
ဆိုင်ဖွင့်ရခြင်း ရည်ရွယ်ချက် . . .
ဂျပန်စာနှစ်သက်သူတွေကို ဂျပန်အငွေ့အသက် လွှမ်းခြုံထားတဲ့ စားသောက်ခန်းအပြင်အဆင်တွေအကြား ဂျပန်တေးဂီတကို နားထောင်ရင်း ဂျပန်ရိုးရာ အစားအစာ စစ်စစ်ကို သုံးဆောင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဈေးနှုန်းပိုင်း . . .
ဟင်းပွဲဈေးနှုန်းကတော့ အမျိုးအစားအလိုက် အနည်းဆုံး US$ 3 to US$ 85 အထိ ရှိပါတယ်။ များသောအားဖြင့် Imported Items ကို သုံးထားပါတယ်။ ဥပမာ - Kobe Beef ဆိုရင်တော့ ဂျပန်ကနေ တိုက်ရိုက်မှာယူထားတဲ့ အလွန်နူးညံ့ပြီး အရသာရှိတဲ့ အမဲသား ဖြစ်ပါတယ်။
Chef . . .
Mr Hiroshi Swang က ဂျပန်နိုင်ငံမှာ ဆယ်နှစ်ကျော် အတွေ့အကြုံရှိပြီး နိုင်ငံတော်တော်များများမှာ လုပ်သက်အတွေ့အကြုံရှိပြီး Kohaku စဖွင့်ကတည်းက အခုအချိန်ထိ ရှစ်နှစ်ကျော် တာဝန်ထမ်းဆောင်နေတဲ့ ဝါရင့်ထိုင်းလူမျိုး စားဖိုမှူးတစ်ဦးဖြစ်တဲ့ Chef ပြင်ဆင်ပေးတဲ့ Japanese Original Taste ကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။
Discount နဲ့ Promotion . . .
နေ့စဉ် Chef တွေကိုယ်တိုင် ပြင်ဆင်တည်ခင်းပေးတဲ့ Weekly Chef Special Menu ၊ Monthly Chef Specialty နဲ့ အလုပ်တစ်ဖက် အချိန်မရတဲ့ Customer ၊ အမြန်စားလိုတဲ့ Customer တွေအတွက် Business Set Lunch ကိုလည်း ဈေးနှုန်းချိုသာစွာ ရရှိနိုင်ပါတယ်။ တနင်္လာကနေ ကြာသပတေးအထိ ရရှိနိုင်တဲ့ A La Carte Buffet ညစာကို တစ်ဦးကို အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာနဲ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပျော်ရွှင်စွာ သုံးဆောင်နိုင်မယ့် Deluxe Buffet ညစာကို တစ်ဦးကို အမေရိကန်ဒေါ်လာ ၄၀ နှုန်းနဲ့ ရရှိနိုင်ပါတယ်။ ဒါအပြင် Chatrium Privilege Card Program မှာ အသင်းဝင်ထားရင် Kohaku ဆိုင်မှာ လာသုံးဆောင်တိုင်း ၁၅ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း အထူးဈေးနှုန်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ ဧပြီလကစပြီး ကံထူးရှင်ရွေးချယ်ပေးတဲ့ Dine & Wine အစီအစဉ်ရှိပြီး လာရောက်သုံးဆောင်သူတိုင်း မိမိရဲ့ JU Business Card ကို အမည်ပေးရုံနဲ့ အဲဒီအစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်မှာဖြစ်ပြီး ဟိုတယ်မှာ အစားအသောက် ပြန်လည်သုံးဆောင်ခွင့်နဲ့ တခြားဆုမဲတွေကို မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
အခြားဝန်ဆောင်မှုတွေ . . .
မွေးနေ့ပွဲ၊ Staff Party ၊ Business Meeting စတာတွေအတွက် အထူးသီးသန့်စားသုံးနိုင်စေဖို့ စီစဉ်ပေးတဲ့အပြင် လူအယောက် ၂၀ စားသုံးနိုင်တဲ့ Family Room နဲ့ ဂျပန်စတိုင်လ်သုံးဆောင်လိုတဲ့ ဧည့်သည်တွေအတွက် လူရှစ်ယောက်စာ စားသုံးနိုင်တဲ့ Kiku (ဂန္ဓမာ) မှာ အခန်း နှစ်ခန်းရှိပါတယ်။ Tour Company တွေအတွက် Tour Package Menu တွေကိုလည်း စီစဉ်ပေးပါတယ်။
ဝါဝါနိုင်