Koffee Korner Café & Restaurant

မန္တလေးမြို့ရဲ့ တစ်နေ့တာမှာ ဘယ်အချိန်ပဲသွားသွား အစားအသောက် စုံစုံလင်လင်ရတဲ့ ၊ ဆိုင်အပြင်အဆင်သေသပ်လှပတဲ့ Koffee korner ဆိုတဲ့ ဆိုင်လေးအကြောင်းကို ဆိုင်ပိုင်ရှင် ကိုသူရအောင်နဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။

koffeekorner1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

၂၇ လမ်းနဲ့ လမ်း ၇၀ ထောင့် ၊ မန္တလေးမြို့မှာတည်ရှိပြီး ဖုန်းနံပါတ် - ၀၂-၆၈၆၄၈၊ ၀၉-၂၀၃၄၃၄၇ ကို ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်ကတော့ koffee [email protected] ဖြစ်ပါတယ်။

koffeekorner3

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံ . . .

ဒီလိုစားသောက်ဆိုင်ဖွင့်ဖို့ အစကတည်းက ဝါသနာပါပါတယ်။ ဒီလိုဆိုင်မျိုးတွေ ထိုင်ရတာကြိုက်တယ်။ Cafe ဆိုရင် မှန်လုံခန်းတွေနဲ့များတဲ့အတွက် အခုလိုအတွင်းရော၊ အပြင်မှာပါ ထိုင်လို့ရမယ့်ဆိုင်လေး လုပ်ဖြစ်ခဲ့တယ်။ အဓိကကတော့ ဒီနေ့ခေတ်မှာ လူတွေက ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်လှည့်ပြီး မြည်းစမ်းစားကြည့်ဖို့ စဉ်းစားကြတယ်။ အဲဒီလိုစဉ်းစားတဲ့အခါ ကိုယ့်ဆိုင်လေးလည်း သူတို့ခေါင်းထဲပေါ်လာရင် ရပါပြီလို့ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်ကို ကိုသူရအောင်က ရှင်းပြပါတယ်။

ဆိုင်ဖွင့်ချိန် . . .

မနက် ၉ နာရီကနေ ည ၁၀ နာရီခွဲ အထိ ဖွင့်ပါတယ်။

koffeekorner5

ရရှိနိုင်တဲ့ဟင်းပွဲအမျိုးအစားတွေနဲ့ Drinks တွေ . . .

မှိုနဲ့ ပုစွန်ချိစ်မီးကင်၊ စပိန်စတိုင်လ်ကြက်တောင်ပံကြော် စတဲ့ Appetizer တွေ၊ အရှေ့တိုင်းအမဲသားသုပ်၊ ရုရှားစတိုင်လ် ကြက်ဥသုပ်၊ ပြင်သစ်စတိုင်လ် ချဉ်ဆိမ့်အသုပ် (Salad Mimosa)၊ အီတလီစတိုင်လ် ငါးသေတ္တာနဲ့ မာကရိုနီသုပ်စတဲ့ သူ့နိုင်ငံ၊ သူ့စတိုင်လ်အလိုက် Salad အမျိုးမျိုး၊ ဆာတေး၊ Barbeque ၊ Sandwich နဲ့ Burger တွေ၊ ရွေးချယ်စရာ Pizza ကိုးမျိုးနဲ့ Pasta ခုနစ်မျိုး၊ Soup ခုနစ်မျိုး၊ ထမင်းကြော် ရှစ်မျိုး၊ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ပုစွန်စတဲ့ ဟင်းပွဲအမျိုးမျိုး ရနိုင်ပါတယ်။

koffeekorner4

koffeekorner7

Drinks ပိုင်းမှာဆိုရင် ကော်ဖီနဲ့ လက်ဖက်ရည် အမျိုးမျိုး၊ Fresh Juice and Milk Shake ၊ Smoothies ၊ Italian Soda ၊ Icecream ၊ Cocktail တို့ ရနိုင်ပါတယ်။ ဘီယာတွေကတော့ Heineiken ၊ Kirin ၊ Myanmar Premium တို့ကို Draught Beer အဖြစ် ရနိုင်ပါတယ်။ တခြား Alcohoal တွေလည်း တော်တော်များများ ရနိုင်ပါတယ်။

ဈေးနှုန်းပိုင်း . . .

ဟင်းပွဲဈေးနှုန်းတွေက ၄,၅၀၀ ကျပ်ဝန်းကျင်ကနေ ခုနစ်ထောင်ကျပ် ဝန်းကျင်အထိ ရှိပါတယ်။ Sandwich နဲ့ Burger က သုံးထောင်ကျပ်ဝန်းကျင်၊ Pizza တွေက ကိုးထောင်ကျပ်ကနေ ၁၃,၀၀၀ ကျပ်အတွင်းရှိပြီး Pasta ကတော့ ခုနစ်ထောင်ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ Drinks တွေကတော့ ၂,၅၀၀ ကျပ်ဝန်းကျင် ရှိပါတယ်။

koffeekorner6

လူကြိုက်များတဲ့ အစားအစာဆိုရင် . . .

Pasta Seafood နဲ့ Chesse Pizza ဆိုရင် လူကြိုက်များတယ်။ ဟင်းပွဲတွေထဲမှာ ဟန်ဂေရီယန်စတိုင်လ် ဆိတ်သားအာလူးဟင်းနဲ့ ထမင်းဆိုရင် ကြိုက်ကြပါတယ်။

လာလေ့ရှိတဲ့ဧည်သည်တွေ . . .

လူငယ်ပိုင်းနဲ့ မိသားစုတွေ လာတာများပါတယ်။

koffeekorner2

တခြားဝန်ဆောင်မှုတွေ . . .

ဒီမှာလာထိုင်တဲ့ဧည့်သည်တွေကို သက်သောင့်သက်သာရှိဖို့ ဦးစားပေးပြီး ဝန်ဆောင်မှုပေးပါတယ်။ Wifi Free ရှိတယ်။ ဖုန်းတွေအားသွင်းဖို့လည်း အားသွင်းကြိုးတွေ၊ Power Bank တွေကို ဝိုင်းတိုင်းမှာ ချပေးထားတယ်။

နန္ဒာ