
ဂျာမနီနိုင်ငံထုတ် ခနောကြက်သားမှုန့်ရဲ့ ၁၇၅ နှစ် မြောက်မွေးနေ့ပွဲကို အောက်တိုဘာလ ၂၈ ရက်က စိမ်းလန်းစိုပြည်ဥယျာဉ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမွေးနေ့ပွဲကို ခနောရဲ့ Customer တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ခနောရဲ့ ၁၇၅ နှစ်မြောက်မွေးနေ့မှာ မွေးနေ့ကိတ်လှီးတာ၊ Country Director က အမှာစကား ပြောကြားတာ၊ ဟင်းချက်ပြိုင်ပွဲပြုလုပ်ပြီး ဆုတွေ ချီးမြှင့်ပေးတာ၊ တက်ရောက်ခဲ့ကြတဲ့ ဧည့်သည်တော်တွေ အားလုံးထဲက ကံထူးရှင်တွေကို ရွေးချယ်ပြီး ဆုလက်ဆောင်တွေ ချီးမြှင့်ပေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။