Kanaung Hub လုပ်ငန်းပျိုးထောင်ရေးနဲ့အရှိန်အဟုန်မြှင့်တင်ရေးဌာန ဖွင့်လှစ်သွားမယ်

Kanaung 1 မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်နဲ့ မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုး တက်ရေးကော်ပိုရေးရှင်း လီမိ တက်ဟာ နည်းပညာပိုင်းဆိုင်ရာ စွန့်ဦးတီထွင်မှုတွေကို ပြုလုပ်နေ တဲ့ Startup တွေအတွက် ရည်ရွယ် ပြီး Kanaung Hub ခေါ် လုပ်ငန်း ပျိုးထောင်ရေးနဲ့ အရှိန်အဟုန်မြှင့် တင်ရေးဌာနကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့၊MICT Park မှာ မီဒီယာတွေကို အသိပေး ကြေညာခြင်း အခမ်းအနား ကျင်း ပ ပြုလုပ်ခဲ့ပါတယ်။ Kanaung Hub တည်ရှိရာ စတုရန်းပေ ၈ç၀၀၀ ကျယ်ဝန်းတဲ့နေရာမှာ ခေတ်မီရုံးခန်းအပြင်အဆင်၊ ရုံး သုံးကိရိယာတွေနဲ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေ တပ်ဆင် ထားပါတယ်။ ဒါအပြင် Kanaung Hub ကို လာရောက်ကြတဲ့ IT Startup တွေ အတွက်ကိုလည်း စီး ပွားရေးအထောက်အကူပြု ဝန် ဆောင်မှုတွေ၊ လမ်းညွှန်မှုတွေ၊ စွန့်ဦးတီထွင်စွမ်းရည်သင်တန်း တွေနဲ့ လုပ်ငန်းပျိုးထောင်မှု အစီအစဉ်တွေကို ဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ Kanaung Hub က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသာထက်က ရှင်းလင်းပြော ကြားခဲ့ပါတယ်။ Kanaung 4 Kanaung feature Kanaung 3 Kanaung 2