လူဦးရေ လျော့နည်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ အမျိုးသမီးတွေကို အလုပ်ခွင်ထဲ ပြန်ရောက်လာအောင် သားသမီးပြုစုပျိုးထောင်ရေးနဲ့ အခြားမူဝါဒများကတစ်ဆင့် ပြန်လည်ဆွဲဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေဟာ ရာထူး အလျှင်အမြန် တိုးလာကြပေမယ့် ခေါင်းဆောင်မှုနေရာတွေမှာတော့ သိပ်တွေ့ရလေ့ မရှိပါဘူး။ ၂၀၁၂ ခုနှစ် Grant Thornton နိုင်ငံတကာ စီးပွားရေး အစီရင်ခံစာအရ အကြီးတန်း စီမံခန့်ခွဲမှုရာထူးတွေမှာ အမျိုးသမီးတွေ ပါဝင်မှု ရာခိုင်နှုန်းကတော့
ယူကေ - ၂၀ ရာခိုင်နှုန်း
အာဂျင်တီးနား - ၂၀ ရာခိုင်နှုန်း
မက္ကဆီကို - ၁၈ ရာခိုင်နှုန်း
နယ်သာလန် - ၁၈ ရာခိုင်နှုန်း
အမေရိကန် - ၁၇ ရာခိုင်နှုန်း
ယူအေအီး - ၁၅ ရာခိုင်နှုန်း
ဒိန်းမတ် - ၁၅ ရာခိုင်နှုန်း
အိန္ဒိယ - ၁၄ ရာခိုင်နှုန်း
ဂျာမနီ - ၁၃ ရာခိုင်နှုန်း
ဂျပန် - ၅ ရာခိုင်နှုန်း Ref: AP