ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာ လုပ်ငန်းကြီးတွေနဲ့ အစိုးရရဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးလာတာကြောင့် မျှော်မှန်းထားတာထက်ပိုပြီး အခုဒုတိယသုံးလပတ်မှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပါတယ်။ ပြန်လည်ဆန်းစစ်လေ့လာချက်တွေအရ ဂျပန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာ နှစ်ပတ်လည်စီးပွားရေးတိုးတက်မှုနှုန် ၃.၈ ရာခိုင်နှုန်းရှိခဲ့ပြီး မူလကခန့်မှန်းထားတဲ့ ၂.၆ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပါတယ်။ Ref : The Economist