![article landscape wartermark final12](data:image/svg+xml,%3Csvg%20xmlns=%22http://www.w3.org/2000/svg%22%20viewBox=%220%200%20720%20420%22%3E%3C/svg%3E)
Apple ရဲ့ အဓိက Supplier ဖြစ်ပြီး စမတ်ဖုန်းနဲ့ တက်ဘလက်ကွန်ပျူ တာတွေအတွက် LCD Screen ထုတ် လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီJapan Display ဟာ ပြည်သူလူထုကို ရှယ်ယာရောင်းချမှု (IPO) ပမာဏ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံတိုးမြှင့်ခဲ့ပါတယ်။ ရှယ်ယာတစ်ခုကို ယန်း ၉၀၀ နဲ့ ရောင်းချမှာ ဖြစ်တယ်။ Hitachi ၊ Toshiba နဲ့ အရှုံးပေါ်နေတဲ Sony ရဲ့ LCD လုပ်ငန်းတွေကို ၂၀၁၂ ခုနှစ်မှာ ပူးပေါင်းတည်ထောင်မှုကနေ ထွက်ပေါ်လာတဲ့ Japan Display တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ကပြိုင်ဖက် လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နေရတာကြောင့် အသေးစားနဲ့ အလတ်အစား Screen တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ကြိုးစားနေ ပါတယ်။ Japan Display ဟာ ဝင်ငွေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံဟာ Apple ဆီကနေ ရရှိတာဖြစ်ပြီး အခြား Gadget ထုတ်လုပ် သူတွေဖြစ်တဲ့ Samsung ၊ Microsoft တို့နဲ့လည်း လက်တွဲလုပ် ကိုင်နေပါတယ်။
Ref: AFP