လက်ရှိအလုပ်မှာ လုပ်နေရင်း ကိုယ့် Career Develop ဖြစ်အောင် ဘယ်လိုပြင်ဆင်မှုတွေ ကြိုတင်ပြုလုပ်ထားသင့်ပါသလဲ

Qna2018jan

ဒီနေရာမှာ Boss ရဲ့ အကူအညီလိုပါတယ်။ သူမပါဘဲနဲ့ လက်ရှိအလုပ်မှာလုပ်ရင် ကိုယ့် Career ကို ဘယ်လိုမှ Develop လုပ်နိုင်မှာမဟုတ်ပါဘူး။ Career Development လုပ်နိုင်ဖို့ Boss နဲ့ Discuss လုပ်ပါ။ ကိုယ်ဘာတတ်တယ်၊ ဘာမတတ်ဘူးဆိုတာကို သူ့ကိုမေးရမယ်။ အဲဒီမှာမှ How to grow? How to develop optimal capability အတွက် လမ်းစထွက်လာပြီး ကိုယ့်ဆီမှာရှိတဲ့ Capacity ၊ Capability ကို ဘယ်လိုမျိုး ဒီထက်မကပိုပြီးတော့ ကြီးမားအောင် Optimize လုပ်နိုင်မယ်။ ကိုယ့် Boss က ဖြစ်နိုင်တဲ့အခြေအနေကို သုံးသပ်ပြီး သူက အကြံဉာဏ်တွေပေးလာမယ်။ အဲဒီအတွက် အချိန်ဘယ်လောက်ယူမလဲဆိုတာကအစ  သူနဲ့ညှိယူရမယ်။

တကယ်တော့ Employee Engagement အတွက် Career development အဓိကအကျဆုံးပါပဲ။ အလုပ်ဘယ်လောက်ပဲကောင်းကောင်း၊ Result ဘယ်လောက်ပဲကောင်းကောင်း သူ့ Career ကိုထည့်ပြီးတော့ မဆွေးနွေးဘူးဆိုရင် ဘယ် Employee မှလည်း ကိုယ့်ဆီမှာနေမှာ မဟုတ်ပါဘူး။ Employee တွေကို အမြဲတမ်း Engage လုပ်ဖို့၊ Realize လုပ်ဖို့လိုတယ်။ ဘာလဲဆိုတော့ သူတို့မှာလည်း သူတို့ရဲ့ Personal Growth ၊ Professional Growth ရှိပါတယ်။ အဖွဲ့အစည်းအတွက် Growth ရှိဖို့နဲ့ ဝန်ထမ်းအတွက် Growth ရှိဖို့ နှစ်ခုစလုံး Align ဖြစ်ရပါမယ်။

ကိုယ့်ရဲ့ Career Development အတွက် ကိုယ့်ဘာသာကိုယ်လုပ်ရမယ် ဒါပေမဲ့ လက်ရှိအလုပ်မှာ လုပ်နေတဲ့အတွက် Progress ကိုတော့ Boss နဲ့ညှိရမယ်။ ကိုယ်ဘာလိုသလဲ ကိုယ်မသိနိုင်ဘူး၊ ကိုယ့် Blind Spot ကို ကိုယ်မသိနိုင်ပါဘူး။ အဲဒီမှာ Boss နဲ့ Discussion လုပ်ရမယ်။ Aptitude တွေကလည်း Realistic ဖြစ်ရမယ်။ Discussion မှာ လိုအပ်တာတွေကို List Down လုပ်ပါ။ ဘာပြီးရင် ဘာလုပ်မယ်။ ဘာပြီးရင်  ဘာလုပ်ချင်တယ်။ ကိုယ့်ရဲ့ Career Goal ကိုလည်း Boss နဲ့ ဆွေးနွေးညှိနှိုင်းရမယ်။ ပြီးတော့ Career Goal ကို Realistic ဖြစ်သလား၊ မဖြစ်သလားဆိုတာကို Review လုပ်ပါ။

Career Development က နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ကိုယ့်ကိုယ်ကိုယ် မြင်တာ။ နောက်တစ်ပိုင်းက သူများက ကိုယ့်ကိုမြင်တာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Boss နဲ့ Open Discussion လုပ်ခဲ့ရင် သူကလည်း သူ့အမြင်တွေပြန်ပြောလာပါမယ်။ အဲဒီမှာ Agreement ယူလိုက်ပြီးတော့မှ Career Development Process ကို စပါ။

Career Development Process စတဲ့အခါကျရင်တော့ ကိုယ်က Ownership ပြန်ယူရပါတယ်။ ဒီကြားထဲမှာ Boss ကို ကိုယ့်ရဲ့တိုးတက်မှုအခြေအနေကို အမြဲ Update ပြန်လုပ်ရပါတယ်။ သဘောကတော့ ကိုယ်တစ်ဆင့်မြင့်တက်ဖို့ကို ကိုယ့်အထက်လူကြီးနဲ့အတူ လုပ်နေတယ်ဆိုတာမျိုးဖြစ်အောင် သွားတာပါ။

Improvement တွေ ရှိသင့်တာရှိလား၊ ဘယ်မှာ Improve လုပ်သင့်လဲဆိုတာကို Boss နဲ့ကိုယ်နဲ့က Performance Progressing Meeting ထိုင်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ်က Perform လုပ်နေတယ်ဆိုလည်း Boss ကို ပြောရမယ်။ ကျွန်တော် Perform လုပ်တာ ဘယ်လောက်ကြာပြီ၊ ဘယ်နှစ်လကြာပြီ၊ ဘာတွေ Perform လုပ်ပြီးပြီစသဖြင့် အတိအကျ Record လုပ်ဖို့ လိုပါတယ်။ Boss ကို ကိုယ်ဘာလုပ်ခဲ့တယ်၊ ဘာကောင်းတယ်၊ ဘာမကောင်းဘူးပြောရင်းနဲ့မှ ဘာလိုတယ်ဆိုတာကို ပြောရမယ်။ ကိုယ့်အတွက် ဘာလိုနေတယ်ဆိုတာကို အရင်မပြောသင့်ပါဘူး။ ကိုယ်က ဘယ်လို Perform ဆိုတဲ့ Performance Development ကိုလည်း ပြန်ကြည့်ဖို့လိုတယ်။ Performance Evaluation က ထွက်တဲ့ ရလဒ်ရယ်၊ လက်ရှိ ကိုယ့်အခြေအနေရယ်ကို အရှိအတိုင်း ကိုယ့်ကိုယ်ကိုယ် Self Assessmet လုပ်ဖို့လိုပါတယ်။

ဒါတွေက ပုံမှန် Career Development လုပ်တာ။တချို့အထက်လူကြီးတွေရဲ့ ဝန်ထမ်းတွေရဲ့ ဘဝတက်လမ်းကို ဘယ်လောက်အလေးပေးသလဲဆိုတဲ့အပေါ်မူတည်ပြီး တချို့နေရာမှာတော့ ကိုယ်ကစပြီး Negotiate လုပ်ရတာမျိုးရှိနိုင်ပါတယ်။ Boss ကို မေးခွန်းလေးတွေ စမေးဖို့ လိုတယ်။ ဒီမှာများ ကျွန်တော်ဆက်ပြီးနေမယ်ဆိုရင် ဘယ်လို Opportunity လေးတွေများရှိနိုင်မယ်လို့ Boss ထင်သလဲဆိုတာလို မေးခွန်းတွေပါ။ နောက်ပြီးတော့ နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း ဒီကုမ္ပဏီမှာ ဘယ်လိုမျိုးဆက်လုပ်ပြီး ဘယ်လောက်အထိရောက်မယ်ထင်လဲ၊ ဘယ်လိုမြင်လဲ။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မမြင်လို့ပါဆိုတာမျိုး မေးရမယ်။

နောက်ပြီးတော့ အဲဒီလို တစ်ဆင့်တက်နိုင်မယ့် နေရာကိုရောက်ဖို့ ကိုယ့်မှာ Skill Gap ဘယ်လောက်ရှိသလဲ သိအောင်လုပ်ရပါမယ်။ ကိုယ့်မှာရှိပြီးသား Skill နဲ့ရှိသင့်တဲ့ Skill ကြားထဲက Gap ကို Boss ဘယ်လိုမြင်လဲ၊ ကိုယ်ဘယ်လိုလုပ်သင့်လဲ၊ လောလောဆယ်ရယ်၊ Future ရယ်မှာ ဘယ် Skill တွေ ထပ်ပြီးတော့ Master လုပ်ဖို့လိုသလဲ၊ Boss အနေနဲ့ရော ကိုယ့် Level မှာတုန်းက ဘယ်လိုများလုပ်ခဲ့လဲသဖြင့် မေးနိုင်ပါမယ်။

နောက်တစ်ခုက ကိုယ်က Promotion လိုချင်ပါတယ်၊ အဲဒီအတွက် Promotion ရအောင် ဘာတွေကြိုးစားဖို့ လိုပါသလဲဆိုတာမျိုး၊ လက်ရှိတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအရည်အချင်းတွေထပ်ဖြည့်ထားတယ် (ဥပမာ- သင်တန်းတွေတက်ထားတယ်)။ ဒါတွေဖြည့်ပြီးသွားရင် Promotion လိုချင်တယ်၊ Promotion ရအောင် ဘာတွေထပ်လိုဦးမလဲဆိုတာမျိုးတွေ မေးသင့်ရင်မေးရပါမယ်။ နောက်ပြီးတော့ ကိုယ်လုပ်နေတဲ့ ကုမ္ပဏီအတွင်းမှာ ဘယ်လို Special Development Opportunity တွေဘာရှိလဲဆိုတာကိုပါ လေ့လာစုံစမ်းသင့်ပါတယ်။

Career Development နဲ့ပတ်သက်ပြီးတော့ Boss နဲ့ပြောရင် လက်ရှိအလုပ်ကို ပြောတာများပါတယ်။ ဒါပေမဲ့ ကိုယ်က လက်ရှိအလုပ်ထက် နောက်တစ်ခုကို သွားပြီး ကိုယ့် Career Development လုပ်ဖို့ စဉ်းစားနေရင်၊ မျှော်လင့်နေရင်တော့ ပိုကြိုးစားဖို့လိုပါတယ်။

ဦးမျိုးသန်း Director of Human Resources, edotco Myanmar Limited