မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းများ၏အနေအထားအပေါ် ကမ္ဘာ့ဘဏ်၏ လေ့လာတွေရှိချက်များကို တင်ပြဆွေးနွေးပွဲပြုလုပ်

World Bank 3 Investment Climate in Myanmar – the Road Ahead ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လေ့လာတွေ့ရှိချက်လေ့လာတွေ့ရှိချက်အသစ်အပေါ် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ၊ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုမြန်မာနိုင်တော် သမ္မတရုံး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းနဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Manager Mr Abdoulaye Seck တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ်ရဲ့ Senior Economist Mr Connor Spreng ၊ International Finance Corporation(IFC) ရဲ့ Senior Operations Officer Mr Charles Schneider တို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အနေအထားအပေါ်လေ့လာတွေ့ရှိချက်တွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်မှာ ငွေကြေးအထောက်အပံ့ရနိုင်မှု၊ မြေယာ၊ လျှပ်စစ်ဓာတ်အားနဲ့ ကျွမ်းကျင်လုပ်သား စတဲ့ကဏ္ဍတွေမှာ မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ ကွင်းဆင်းလေ့လာမှုကို ၂၀၁၄ ခုနှစ်၊ နွေရာသီမှာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနဲ့ ပဲခူးမြို့တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး  ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ လက်လီရောင်းချသူတွေနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွေက လုပ်ငန်းပေါင်း တစ်ထောင်ကျော်ကို တွေ့ဆုံးမေမြန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  အဲဒီလုပ်ငန်းတွေထဲက ၂၃ ရာခိုင်နှုန်းခန့်က ယင်းတို့ရဲ့လုပ်ငန်းလည်ပတ်မှုအတွက် ငွေကြေးအထောက်အအပံ့ရရှိနိုင်မှုအခက်အခဲက အကြီးမားဆုံးအတားအဆီးဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး စစ်တမ်းကောက်ခဲ့တဲ့လုပ်ငန်းအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကပဲ ဘဏ်စာရင်းဖွင့်လှစ်ထားတဲ့အတွက် ဒါဟာ ဒေသတွင်းမှာ အနိမ့်ဆုံးအခြေအနေတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုမှာပါဝင်ကြတဲ့ လုပ်ငန်းတွေရဲ့ ၅ ပုံ ၁ ပုံက မြေယာကိစ္စကို အဓိကပြဿ     နာအနေနဲ့ ဖော်ပြကြပြီး လုပ်ငန်းတွေရဲ့ ၁၇ ရာခိုင်နှုန်းနဲ့ ၉ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အားရရှိမှုနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုတို့ကို အဓိကကြုံတွေ့နေရတဲ့ အခက်အခက်တွေအဖြစ် ဖော်ပြခဲ့ကြပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ မှာရှိတဲ့ လုပ်ငန်းပေါင်း ၁၃၀၀၀၀ ကျော်မှာ အလားတူလေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့အဆိုပါကွင်းဆင်းလေ့လာမှုတွေကို UKaid ရဲ့ ကူညီထောက်ပံ့မှုနဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ World Bank 2 World Bank 1