The Empathy Index ဆိုတာ ဘယ်ကုမ္ပဏီတွေက စာနာစိတ်နဲ့မျှဝေခံစားတတ်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှု တည်ဆောက်ရာမှာ အောင်မြင်မှုရရှိလဲဆိုတာကို ရှာဖွေအဖြေထုတ်တဲ့ ညွှန်းကိန်းဖြစ်ပါတယ်။ ဒီညွှန်းကိန်းမှာ ကုမ္ပဏီတွေရဲ့ အတော်ဆုံးလူတွေကို ထိန်းသိမ်းထားနိုင်မှု၊ ကွဲပြားတဲ့ Team တွေနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းခွင်ဝန်းကျင် ဖန်တီးနိုင်မှု၊ ဝန်ထမ်းတွေကို ငွေကြေးဆုလာဘ်တွေ ချီးမြှင့်နိုင်မှုတွေအပေါ်မူတည်ပြီး သတ်မှတ်တာဖြစ်ပါတယ်။ အခုဖော်ပြတဲ့ညွှန်းကိန်းက ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေဖြစ်တဲ့ အင်္ဂလန်၊ အမေရိကန်နဲ့ အိန္ဒိယကုမ္ပဏီတွေကို စစ်တမ်းကောက်ယူပြီး ညွှန်းကိန်းထုတ်ထားတာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ တရားဝင်သတင်းထုတ်ပြန်မှုအားနည်းတဲ့အတွက် စစ်တမ်းမကောက်ယူနိုင်ဘဲ ၂၀၁၇ ခုနှစ်၊ မတ်လမှာ နောက်ထပ်ထုတ်မယ့် Report မှာတော့ အာဖရိကကုမ္ပဏီတွေ ပါလာမှာ ဖြစ်ပါတယ်။