ထိုင်းနိုင်ငံရဲ့ Kasikorn ဘဏ်ဟာ တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှာ ရုံးချုပ်ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
ထိုင်းဘဏ်ဟာ တရုတ်ရဲ့ Belt and Road ဆိုတဲ့ ကုန်သွယ်လမ်းမကြီးက ထွက်ပေါ်လာမယ့် အခွင့်အလမ်းများကို အသုံးချသွားမှာ ဖြစ်တယ်။ ဒီလမ်းမကြီးစီမံချက်ဟာ ရှေးခေတ်ကရှိခဲ့ဖူးတဲ့ ကုန်သွယ်လမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်တဲ့ စီမံချက်ဖြစ်တယ်။
ထိုင်းဘဏ်ဟာ တရုတ်နိုင်ငံရှိ ဘဏ္ဍာရေးဆိုင်ရာနည်းပညာကို အသုံးချဆောင်ရွက်နေကြတဲ့ တရုတ်လုပ်ငန်းများနဲ့ ပူးပေါင်းကာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအဝင် အာဆီယံနိုင်ငံများနဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးချေတဲ့အခါ ဒစ်ဂျစ်တယ်နည်းကို သုံးစွဲသွားမှာဖြစ်တယ်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းများကိုလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ ပေးသွားမှာဖြစ်တယ်။