၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အိန္ဒိယရဲ့ GDP တိုးတက်ခဲ့

int1

အိန္ဒိယနိုင်ငံဟာ ၂၀၁၇ ခုနှစ်ရဲ့ နောက်ဆုံးသုံးလအတွင်းမှာ နိုင်ငံရဲ့ GDP က နှစ်အလိုက်နှုန်းအရ ၇.၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အစိုးရအနေနဲ့ အခြေခံအဆောက်အအုံနဲ့ လူမှုဖူလုံရေးတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံလာတာနဲ့အညီ ကုန်စည်နဲ့ဝန်ဆောင်မှုအပေါ် အခွန်ဆောင်ရန် အကောင်အထည်ဖော်ခြင်းနဲ့ ရှောင်တခင်ငွေကြေးလဲလှယ်မှုအစီအစဉ်တွေကြောင့် နိုင်ငံရဲ့စီးပွားရေးဟာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။