မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်းကျင်းပသော International Myanmar ICT Exhibition 2014 ပြပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်မှ (၉) ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ (တပ်မတော်ခန်းမ) တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားပါသည်။ မြန်မာနိုင်ငံ၏ Mobile နှင့် IT ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာ၏ ICT နည်းပညာကဏ္ဍကို တနေရာတည်းတွင် လေ့လာသိရှိနိုင်စေရန် နှင့် နိုင်ငံတော်မှ ချမှတ်ပေးထားသော ဈေးကွက်စီးပွါးရေး စနစ်အား တစိတ်တဒေသ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယင်းပြပွဲတွင် ပြခန်းပေါင်း (၉၅) ခန်းနှင့် ကုမ္ပဏီပေါင်း (၃၁) ခုမှ ပါဝင်ပြသကြမည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် Fujitsu မှ Platinum Sponsor အဖြစ်လည်းကောင်း၊ Konica Minolta မှ Silver Sponsor အဖြစ်လည်းကောင်း၊ Singapore Pavilion အနေဖြင့် ကုမ္ပဏီ (၈) ခုမှ ပါဝင်ပြသကြမည်ဖြစ်ပြီး၊ Taiwan မှ Central ion ကုမ္ပဏီ နှင့် Taiwan Computer Industry Association တို့မှ ပါဝင်ပြသကြမည်ဖြစ်ပါသည်။ Product အနေဖြင့် Brother, Cisco, Dell, HP, SAP, Hitachi, Prolink, Lenovo, Microsoft, LG, Ooredoo, Cyber Power, Zebra, View Sonic, Somic, Ubiquiti, Leica, Canon, Epson, Acer, CDG, KHI အစရှိသည့် Product တို့မှ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲကျင်းပရေးကော်မတီ“ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA)