ဂန္တဝင်ရုပ်ရှင်တွေကို အမှတ်တရအနေနဲ့ ပထမဆုံးအကြိမ် ပြသတဲ့ နိုင်ငံတကာရုပ်ရှင် အမွေအနှစ်ပွဲတော်ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်ကနေ နိုဝင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ အမေရိက၊ မွန်ဂိုလီးယား၊ ပြင်သစ်၊ ဂျပန်၊ အင်္ဂလန် အစရှိတဲ့ နိုင်ငံတွေက ရှေးဟောင်းဟာသရုပ်ရှင်ကား ကိုးကားကို ပြသသွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။ Ms Gilles Duval (Chairman of Memory Cinema Association) က ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်လို့ ''သတိရခြင်းကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ဒီအမွေအနှစ်တွေကို အလွယ်တကူကြည့်ရှုခွင့်ရဖို့ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်က နေရာတကာမှာ ရုပ်ရှင်ဇာတ်ကားတွေကို စိုစွတ်ထိုင်းမှိုင်းမှုနဲ့ အပူချိန်တွေကြောင့် ကောင်းကောင်းထိန်းသိမ်းမထားနိုင်ရင် ဆုံးပါးသွားတော့မယ့် အန္တရာယ်ရှိနေပါတယ်။ ၁၉၂၉ ခုနှစ်မတိုင်ခင် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေထဲက ၉၀ ရာခိုင်နှုန်းကျော်နဲ့ ၁၉၅၀ ပြည့်နှစ်က အမေရိကန် ရုပ်ရှင်အားလုံးရဲ့ထက်ဝက်ခန့်က ဘယ်လိုမှ ပြန်မရအောင် ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒါကြောင့်ရုပ်ရှင်ဆိုတာ နိုင်ငံတစ်နိုင်ငံနဲ့လူသားတွေရဲ့ အမှတ်တရရှိနေတာတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် သေချာထိန်းသိမ်းဖို့ လိုအပ်ပါတယ်'' လို့ ပြောပြခဲ့ပါတယ်။ ပြသမယ့်အချိန်တွေကတော့ ညနေ ၃နာရီခွဲနဲ့ ညနေ ၆ နာရီခွဲ သတ်မှတ်ထားပြီး ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ ၁၉၂၈ ခုနှစ်က ဟာသသရုပ်ဆောင် ချာလီချက်ပလင် ပါဝင်ခဲ့တဲ့ Circus(The) ၊ ၁၉၆၅ ခုနှစ်က Before Rising Up the Rank (မွန်ဂိုလီးယား)၊ ၁၉၅၅ ခုနှစ်က Ladykillers (ဂရိတ်ဗြိတိန်) ၊ ၁၉၅၉ ခုနှစ်က Good Morning (ဂျပန်)၊ ၁၉၂၃ ခုနှစ်က Safety Fast (အမေရိက)၊ ၁၉၅၇ ခုနှစ်က Play Time (ပြင်သစ်)၊ ၁၉၆၂ ခုနှစ်က Happy Anniversary (ပြင်သစ်)၊ ၁၉၆၉ ခုနှစ်က Great Love(ပြင်သစ်)၊ ၁၉၂၇ ခုနှစ်က General (ပြင်သစ်) တို့ဖြစ်ပါတယ်။ [caption id="attachment_16519" align="alignnone" width="720"] Ms Gilles Duval (Chairman of Memory Cinema Association) နဲ့ Mrs Se’verine Wemaere
(MD of Technicolor Foundation For Cinema Heritage) တို့က ရုပ်ရှင်ပွဲတော် အကြောင်း မိတ်ဆက်စကား ပြောကြားစဉ်[/caption] [caption id="attachment_16520" align="alignnone" width="720"] ယဉ်ကျေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သံအရာရှိ Mr Charles Bonhomme က အမှာစကားပြောကြားစဉ်[/caption]