News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၀၁၄ နိုင်ငံတကာ Branded ပြပွဲကြီးအတွက် သတင်းစာရှင်းလင်းပွဲ
Editorial
March 25, 2014
Local News
News
၂၀၁၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပသွားမယ့် International Branded Show 2014 ကုန်စည်ပြပွဲနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ My Garden Restaurant မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ပြပွဲ Organizer ဖြစ်တဲ့ Creation Strength Co Ltd ရဲ့ Manager Director ဦးစိုးလှိုင် ကနေပြီးတော့ ပြပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ “ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွား ရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တဲ့အတွက် ပြည်တွင်းက တစ်ဦးတည်းပိုင် Branded ကုမဏီတွေနဲ့ ပြည်ပက တစ်ဦးတည်းကိုယ်စားလှယ်ရထားတဲ့ Branded ကုမ္ပဏီကြီးတွေ စုစည်းပြီး ဒီပွဲလေးကိုကျင်းပတာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ Branded တွေကိုမှ အထူးသဘောကျနှစ်သက်သူတွေအတွက် နိုင်ငံတကာက Branded ကုမဏီကြီးတွေက ပစ္စည်း မိတ်ဆက်ပြသပြီး ဈေးနှုန်းချိုသာစွာနဲ့ရောင်းချသွားဖို့နဲ့ လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်” ဟု ပြောပြခဲ့ပါတယ်။ Main Sponsor တွေကတော့ KBZ Bank၊ HTC ၊ Rainbow Bridge၊ KIA Motor Car ၊ MAZDA ၊ Sliver Lion တို့ဖြစ်ပြီး ပါဝင်ပြသကြမယ့် လုပ်ငန်းတွေအနေနဲ့ ကား နဲ့ဆက်စပ်ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်း၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်း၊ အိမ်တွင်း အလှဆင်လုပ်ငန်း၊ အီလက်ထရောနစ်ပစ္စည်း၊ အဝတ်အထည်နဲ့အလှကုန်၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း၊ ကျန်းမာရေးနဲ့ ဆေးဝါးပစ္စည်း အစရှိတဲ့ ကုမဏီစုစုပေါင်း ၅၀ ကျော်ပါဝင်ပြီး ဆိုင်ခန်းပေါင်း ၁၈၀ ကျော်နဲ့ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အထူးအစီအစဉ်အနေနဲ့ လာရောက်လေ့လာတဲ့သူတွေအတွက် ပျော်ပွဲ၊ ရွှင်ပွဲ အစီအစဉ်တွေအပြင် အထူးဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အခုကျင်းပတာဟာဆိုရင် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မန္တလေးမှာလည်း ဆက်လက်ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း