News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ခြင်း မိတ်ဆက်အခမ်းအနား
Editorial
January 23, 2015
Local News
News
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမမှာ Intellectual Property Proprietors' Association (အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း) အသင်းဖွဲ့စည်းတည်ထောင်ခြင်း မိတ်ဆက်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ မကြာခင်ထွက်ပေါ်လာမယ့် အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ အသိဉာဏ်ပစ္စည်းဆိုင်ရာမူသစ် စနစ်သစ်များ၊ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့်ရုံးတို့အတွက် နိုင်ငံမှာလိုအပ်နေတဲ့ IP Awareness ၊ IP Education စတာတွေကို ပြည်တွင်းပြည်ပ IP အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိက ကဏ္ဍမှ IP စွမ်းအားဖြင့် ပါဝင်အားဖြည့်ဆောင်ရွက်သွားနိုင်ရန်၊ IP Rights ကို လေးစားစောင့်ရှောက်မြှင့်တင်သည့် နိုင်ငံတစ်နိုင်ငံအနေနှင့် ကမ္ဘာ့မှာ ရပ်တည်နိုင်ရန် စသဖြင့် ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ အသင်းဖွဲ့စည်းတည်ထောင်ခြင်း မိတ်ဆက်အခမ်းအနားမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကိုကိုဦး၊ ကုန်သည်စက်မှုအသင်းချုုပ် ဥက္ကဌ ဦးဝင်းအောင်၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုုပ် ဥက္ကဌ ဒေါက်တာစိန်ဝင်း တို့က နှုတ်ခွန်းဆက်အမှာ စကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။ International Trademark Association ၊ Asian Patent Attorneys Association ၊ Asian Intellectual Property Association တို့မှ ကိုယ်စားလှယ်များကလည်း အသီးသီး အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါတယ်။
အခမ်းအနားမှာ အသင်းဖြစ်မြောက်ရေးအတွက် ရန်ပုံငွေ ကူညီလှူဒါန်းပေးခဲ့ကြတဲ့ Gold Sponsor ၊ Platinum Sponsor တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဂုဏ်ပြုလက်မှတ်တွေချီးမြင့်ပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ အသင်းဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဆက်လက်ကျင်းပခဲ့ပါ တယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဥပဒေပညာရှင် ဦးသိန်းအောင်၊ ဒေါက်တာ သာထွန်းဦး၊ ဦးကျော်သူနဲ့ ဒေါ်ဆွေဇင်ထိုက်တို့က မီဒီယာများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ဆက်လက်၍ ကုန်ပစ္စည်းအမှတ်တံဆိပ် မှတ်ပုံတင်ရေးဆိုင်ရာ အခြေအနေများ၊ အလားအလာနှင့် စိန်ခေါ်မှုများ ဆိုင်ရာ Penal Discussion ကို ကျင်းပရာ စိန်နှင့်မြကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာမင်းထက်၊ ရွှေပြည်နန်းအုပ်စုဥက္ကဋ္ဌ ဦးကျော်မင်း၊ IBTC Group မှ Corporate Legal Manager ဦးစိုးတင့်သိန်းနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုညွှန်မှူး ဒေါက်တာ စိမ့်သန္တာထွန်းတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယ Panel Discussion မှာ စာပေဂီတနှင့် အနုပညာ အရပ်ရပ်မူပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခဲ့ရာ တေးရေးဆရာမြင့်မိုးအောင်၊ IT ပညာရှင် ဦးရဲမြတ်သူ၊ ACE Top Law Firm မှ ဥပဒေအကြံပေး ပညာရှင် ဦးအောင်စိုးဦး၊ ရန်ကုန်တက္ကသိုလ် ဥပဒေဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ခင်မာရီနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုညွှန်မှူး ဒေါက်တာ မိုးမိုးသွယ်တို့က လက်ရှိ မြန်မာ့အနုပညာနယ်ပယ်မှာ မူပိုင်ခွင့် ဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း