Innovation that Cares : SCG Innovative Exposition 2015

Innovation2

SCG Innovative Exposition 2015

နိုဝင်ဘာလ ၁ ရက်ကနေ ၃၁ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့ SCG Experience အဆောက်အဦးမှာ ပြုလုပ်လျက်ရှိတဲ့ SCG Innovative Exposition 2015 ဟာ Innovation that Cares ဆိုတဲ့ ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိတာဖြစ်ပါတယ်။ ပွဲနဲ့ပတ်သက်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Press Conference အခမ်းအနားမှာ SCG ရဲ့ President နဲ့ CEO ဖြစ်သူ Mr Kan Trakulhoon က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး SCG ရဲ့ ရောင်းအားအခြေအနေတွေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေ၊ အာဆီယံဒေသတွေတွင်းက လုပ်ငန်းအခြေအနေတွေနဲ့ ပတ်သက်လို့ ပြောပြခဲ့ပါတယ်။ Mr Kan က လက်ရှိပြုလုပ်လျက်ရှိတဲ့ SCG Innovative Exposition 2015 မှာ အဓိကထားပြသလျက်ရှိတဲ့ တီထွင်ဖန်တီးမှုတွေနဲ့ ပတ်သက်လို့လည်း ရှင်းလင်းပြောပြသွားခဲ့ပါတယ်။ ဒီပွဲမှာ သက်ကြီးပိုင်းတွေအတွက် အဆင်ပြေတဲ့ လူနေမှုဝန်းကျင်ကိုပေးနိုင်တဲ့ Eldercare Solution ၊ ဆေးဘက်ဆိုင်ရာပညာနဲ့ပတ်သက်လို့ လိုအပ်ချက်တွေကို ပိုမိုဖြည့်စွမ်းပေးဖို့ရည်ရွယ်တဲ့ Medical for Life ၊ နေ့စဉ်လူနေမှုဘဝ ပိုမိုအဆင်ပြေစေမယ့် Everyday Convenience မှာတော့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းထုပ်ပိုးမှုဆိုင်ရာ Packaging နည်းပညာကို ပြသထားတာဖြစ်ပြီး Living Trend မှာကတော့ Innovative City ကို ပြသထားပြီး အဲဒီမှာ 3DPrinting နည်းပညာကိုသုံးပြီး အသုံးအဆောင်ပရိဘောဂတွေနဲ့ Interior Design ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြောင်း စမ်းသပ်ပြသထားတာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့လူနေမှုဘဝနဲ့ကိုက်ညီစေမယ့် Home Technology ကို ကိုယ်တိုင်ရွေးချယ်နိုင်စေမယ့် ပြခန်းလည်း ပါရှိပါတယ်။

Innovation3

Innovation4

SCG ရဲ့ လမ်ပန်းခရိုင်က ဘိလပ်မြေစက်ရုံ

SCG ရဲ့ Semi-Open Cut Mining အသုံးပြုဘိလပ်မြေ ထုတ်လုပ်လျက်ရှိတဲ့ ထိုင်းနိုင်ငံလမ်ပန်းခရိုင်ရှိ The Siam Cement(Lampang)CO LTD ကိုလည်း အောက်တိုဘာလ ၃၀ ရက်နေ့က ရောက်ရှိလေ့လာခွင့်ရခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ Semi-Open Cut Mining ဖြစ်တဲ့ သတ္တုတူးဖော်ရာမှာ သတ္တုသိုက်ရဲ့ အလယ်ဗဟိုကို နက်ရှိုင်းစွာတူးဖော်ကာ ပြင်ပသဘာဝပတ်ဝန်းကျင်ကို သဘာဝအကာအရံအဖြစ် ထိန်းသိမ်းတဲ့နည်းပညာနဲ့ တူးဖော်တာဖြစ်တယ်လို့ သိရပါတယ်။ လမ်ပန်းဘိလပ်မြေစက်ရုံကနေ တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၂.၄ သန်း ထုတ်လုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ပြီးတော့ ဒီစက်ရုံဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ နည်းပညာတွေကိုလည်း စဉ်ဆက်မပြတ် စမ်းသပ်လုပ်ကိုင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒီစက်ရုံကနေ Waste Heat Power Generation Project ၊ Semi-Open Cut Mining နဲ့ SCG Conserving Water for Tomorrow တို့လို အစီအစဉ်နဲ့ နည်းပညာတွေကို အကောင်အထည်ဖော်လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

Innovation1

Innovation5

SCG ရဲ့ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုအခြေအနေ

SCG ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ထပ်ဆင့်ဘိလပ်မြေစက်ရုံ၊ ၂၀၁၅ နှစ်ကုန်တွင် စတင်ထုတ်လုပ်လည်ပတ်တော့မယ့် အင်ဒိုနီးရှားနိုင်ငံမှ ဘိလပ်မြေစက်ရုံ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ စတင်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားတဲ့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှ ဘိလပ်မြေစက်ရုံများအပါအဝင် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ၂၀၁၆-၁၇ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏကို မြန်မာကျပ်ငွေ ၂၂၁၆၁၀ ဘီလီယံကနေ ၂၇၁၅၃၁ ဘီလီယံကို တိုးမြှင့်သွားမှာဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ပထမကိုးလအတွက် High Value Added (HVA) ပစ္စည်းတွေ ရောင်းချရမှုဝင်ငွေဟာ မြန်မာကျပ်ငွေ ၄၁၀၄ ဘီလီယံရှိပြီး ဒီပမာဏဟာ SCG ရဲ့ စုစုပေါင်း အရောင်းဝင်ငွေအားလုံးရဲ့ ၃၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် စာရင်းတွေအရ SCG ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးမှာ မြန်မာကျပ်ငွေ ၁၇,၉၂၅ ဘီလီယံရှိပြီး ထိုင်းနိုင်ငံပြင်ပ အာဆီယံနိုင်ငံတွေမှာ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးပမာဏ မြန်မာကျပ်ငွေ ၃,၆၀၅ ဘီလီယံရှိကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ် ပထမကိုးလအတွက် SCG ရဲ့ ထိုင်းနိုင်ငံပြင်ပ အာဆီယံနိုင်ငံတွေမှာ SCG ရဲ့စုစုပေါင်းအရောင်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၁၁၁၈ ဘီလီယံရှိတယ်လို့ သိရပါတယ်။

Innovation6

SCG ရဲ့ မြန်မာနိုင်ငံအတွင်း ရောင်းအားနှင့် ပိုင်ဆိုင်မှုပမာဏများ

၂၀၁၅ ခုနှစ် ပထမသုံးလပတ်အစီရင်ခံစာအရ SCG Myanmar ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုပမာဏက မြန်မာကျပ်ငွေ ၃၂၈ ဘီလီယံရှိပြီး မော်လမြိုင်ဘိလပ်မြေ စက်ရုံရင်းနှီးမြှုပ်နှံမှုကြောင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ၈၄ ရာခိုင်နှုန်းလောက် တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ တည်ဆောက်မှုလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တဲ့ မော်လမြိုင်ဘိလပ်မြေစက်ရုံဟာ ၂၀၁၆ ခုနှစ်၊ နှစ်လယ်မှာ စတင်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပထမကိုးလအတွက် မြန်မာနိုင်ငံမှ SCG ရဲ့ အရောင်းဝင်ငွေဟာ မြန်မာကျပ်ငွေ ၁၈ ဘီလီယံရှိကြောင်းလည်း သိရပါတယ်။