ရူပီးတန်ဖိုးကျဆင်းမှုကြောင့် အိန္ဒိယစီးပွားရေးလုပ်ငန်းတွေအထိနာ

an-indian-money-changer အိန္ဒိယရဲ့စီးပွားရေးအကျပ်အတည်း ကြောင့် နှစ်လမပြည့်တဲ့အချိန်အတွင်းမှာ ပြည်တွင်းဈေးကွက်တွေမှာ အမေ ရိကန် ဒေါ်လာ ၁၁ ဘီလီယံ ကျော် ဆုံးရှုံးခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွား ရေးအပေါ် ယုံကြည်မှုတွေ ပျက်သုဉ်းခဲ့သလို အသေးစားလုပ်ငန်းတွေဟာလည်း အလျော့အတင်းမလုပ်ချင်တဲ့  မူဝါဒချမှတ်သူတွေ ကြောင့် အထိနာနေပါတယ်။ Adil Mapari  ရဲ့  Mumbai မှာရှိတဲ့  စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီဟာ အလုပ်သမားပေါင်း ၁၅၀ လောက်ရှိပြီး လာမယ့်သုံးလပတ်ကာလ နှစ်ခုအတွင်းမှာ ရောင်းအား ၄၀ ရာခိုင်နှုန်း လောက်ထိ ထိုးကျသွားဖို့ရှိပြီး အလုပ်သမားဦးရေ လျော့ချဖို့လည်းရှိနေတယ်လို့ Adil က ဆိုပါတယ်။ 'ရူပီးတန်ဖိုးကျဆင်းနေတာက အမြတ်နည်းနည်းနဲ့ လည်ပတ်နေတဲ့ ကျွန်တော်တို့လုပ်ငန်းတွေကို ပိုပြီး အထိနာ စေပါတယ်။ ထုတ်လုပ်မှုကုန် ကျစရိတ်မြင့်မားနေပြီး  ရောင်းအားကလည်း မြန်မြန်ဆန်ဆန်ကျဆင်းနေတဲ့ဝန်းကျင်မှာ ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းတွေရဲ့ စုပေါင်းအသားတင် အမြတ်ကလည်း  ပိုမိုကျဆင်းလာနေတယ်' လို့ Adil  က ဆိုပါတယ်။ ဒီ နှစ်အိန္ဒိယမှာ မကြုံစဖူးကုန်သွယ်ရေး လိုငွေပြမှုကြောင့် ရူပီးတန်ဖိုး ၁၂   ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပြည်ပကတင် သွင်းတဲ့ ကုန်ကြမ်းဈေနှုန်းတွေ ထိုးတက်ခဲ့ပါတယ်။ ပြည်ပကနေ ရွှေနဲ့ငွေတင်သွင်းမှုအပေါ်မှာ အခွန်တိုးမြှင့်ကောက်ခံတာမျိုးလုပ်ပြီး သွင်းကုန်တွေကိုလျော့ဖို့  အစိုးရရဲ့ အရေးယူဆောင်ရွက်ချက် တွေဟာ လျာထားချက်ပြည့်မီဖို့ လို နေပါသေးတယ်။ Ref: CNA[divider scroll_text="SCROLL_TEXT"]