အင်ဒိုနီးရှားက နိုင်ငံခြားသားတွေကို စီးပွားရေးလုပ်ငန်းနယ်ပယ် ငါးခု ဖွင့်လှစ်ပေး

[caption id="attachment_6539" align="alignnone" width="300"]အင်ဒိုနီးရှား ပူးတွဲ စီးပွားရေးဝန်ကြီး Hatta Rajasa အင်ဒိုနီးရှား ပူးတွဲစီးပွားရေးဝန်ကြီး Hatta Rajasa[/caption] အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကန့်အသတ်တွေကို ဖြေလျော့ပေးလိုက်ရာမှာ တစ်ချိန်က ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် သီးသန့်ဖြစ်ခဲ့ တဲ့ လေဆိပ်၊ သင်္ဘောဆိပ်တွေ လုပ်ငန်းလည်ပတ်မှုကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ် အင်ဒိုနီးရှား ရွေးကောက်ပွဲကာလ နီးကပ်လာပေမဲ့ အခုလို ဖွင့်ပေး လိုက်တာကြောင့် အင်ဒိုနီးရှားဟာ စီးပွားရေးတံခါးပိတ်မထားဘူးဆိုတဲ့အကြောင်း အင်ဒိုနီးရှား ပူးတွဲစီးပွားရေးဝန်ကြီးHatta Rajasa က ပြောပါတယ်။ ပြည်သူပိုင်နဲ့ အများပိုင်ဖက်စပ်သဘောတူညီချက်တွေနဲ့ ကိုက်ညီရင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ လေဆိပ်၊ သင်္ဘောဆိပ်၊ ဆိပ်ကမ်းတို့ကို စီမံခန့်ခွဲခွင့် ရရှိပါမယ်။ ဒီလိုစီမံခန့်ခွဲ မှုကောင်းမွန်လာရင် မိမိတို့ရဲ့ထုတ်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ ပိုမိုလွယ်ကူလာမှာကြောင့် စီးပွားရေးသမားတွေကလည်း အကောင်းမြင်ကြပါတယ်။ Ref: CNA