အင်ဒိုနီးရှားစားသောက်ကုန်လုပ်ငန်း Indofood က အာဆီယံဆီပွားရေး အသိုက်အဝန်း(AEC) မှာ ယှဉ်ပြိုင်နိုင် ဖို့ အကြိုပြင်ဆင် မှုအနေနဲ့ အာဆီယံ ဈေးကွက်ကို ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ထိုးဖောက် သွားမယ်လို့ သိရ ပါတယ်။ ဖိလစ် ပိုင်နိုင်ငံက အကြီး ဆုံး သကြားထုတ် လုပ်ရေးလုပ်ငန်း Roxas ရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး တဲ့နောက် နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံ မှုကို တိုးချဲ့သွားမယ်လို့ Indofood ရဲ့ CEO Anthoni Salim က ဆိုပါ တယ်။ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားခြင်းဖြင့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ လွတ်လပ် တဲ့ကုန်သွယ်ရေးသဘောတူညီချက် အကြို အလားအလာရှိတဲ့ဈေးကွက်တွေ ကို ရယူထားနိုင်မှာဖြစ်တယ်လို့ Anthoni က ဆိုပါတယ်။ Indofood က ဘရာဇီး၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဂျပန် တို့မှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း က ဖက်စပ်လုပ်ငန်းတွေ ထူထောင်ခဲ့ပါတယ်။
Ref : Jakarta Post