Indian Tadka Fine Dining & Bar

indian1

ဒီလအတွက်တော့ ရန်ကုန်မြို့ထဲမှာ မြင်တွေ့နေကျဆိုင်တွေထဲကမှ မတူညီတဲ့ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိန္ဒိယအစားအစာကို ရောင်းချတာဖြစ်ပြီး ဝါတွင်းကာလအတွင်း သက်သတ်လွတ်စားသုံးသူတွေပါ အဆင်ပြေစေမယ့် သက်သတ်လွတ်ဟင်းလျာတွေပါ ရောင်းချပေးပါတယ်လို့ သိရပါတယ်။ ဆိုင်အပြင်အဆင်ရိုးစင်းပေမယ့် ငြိမ်သက်မှုရှိပြီး သီးသန့်ခန်းတွေထားရှိတဲ့အပြင် ဈေးနှုန်းလည်း သင့်လျော်တာကြောင့် CEO မဂ္ဂဇင်းပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဆိုင်တည်နေရာ

အမှတ်- 7/A ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊  ရန်ကုန်မြို့မှာတည်ရှိပြီး  ဖုန်းနံပါတ်ကတော့ ၀၁- ၅၁၂၃၁၈ ဖြစ်ပါတယ်။ www.facebook.com/indianfoodinmyanmar မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဆိုင်စတင်ဖွင့်လှစ်တဲ့နေ့နဲ့ ရည်ရွယ်ချက်

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အရသာရှိတဲ့ အိန္ဒိယရိုးရာအစားအသောက်တွေနဲ့ အိန္ဒိယအရသာအစားအသောက်တွေကို မြန်မာနိုင်ငံမှာပါ ရနိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

ရရှိနိုင်သော Menu

အိန္ဒိယရိုးရာအစားအသောက်တွေ ရနိုင်ပါတယ်။ အထူးအစားအသောက်အနေနဲ့ Tendoori တွေ ရနိုင်ပါတယ်။ သက်သတ်လွတ်နဲ့ ဟင်းခတ်အမွှေးအကြိုင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ အဓိကအစားအစာအနေနဲ့ Soups ၊ Tit Bits ၊ Salad ၊ Starters ၊ Tandoori Platters ၊ Curries-Veg တွေရရှိနိုင်ပြီး ထူးခြားချက်အနေနဲ့ Healthy Option ဆိုတဲ့ ကျန်းမားရေးအတွက် အစားအစာတွေဖြစ်တဲ့  Khichdi ၊ Tossed Boiled Vegetables ၊ Matar Soya Curry တွေကို ရရှိနိုင်တယ်လို့လည်း သိရပါတယ်။

indian3

ဆိုင်မှာရှိတဲ့ Bartender နဲ့ Chef တွေက

ဒီအတွက် ကျွန်တော်တို့ဆိုင်မှာ စားဖိုမှူးခြောက်ယောက် ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မတူညီတဲ့ဒေသကလာပြီး နိုင်ငံတကာအတွေ့အကြုံ အနှစ် ၂၀ ရှိတဲ့ စားဖိုမှူးတွေဖြစ်ကြပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံက စားသောက်တဲ့ပုံစံအတိုင်း ပြီးပြည့်စုံတဲ့ အစားအသောက်ကို ရနိုင်ပါတယ်။ နိုင်ငံတကာယမကာတွေကိုလည်း ရနိုင်တဲ့အပြင် နိုင်ငံတကာပုံစံမျိုးဖြစ်အောင် ကောင်းမွန်တဲ့ Cocktail တွေကို ဖျော်စပ်ပေးနိုင်တဲ့ ကျွမ်းကျင်တဲ့ Bartender ထားတယ်လို့ သိရပါတယ်။

ဈေးနှုန်းပိုင်း

ဈေးနှုန်းအနေနဲ့ အနိမ့်ဆုံး ခြောက်ထောင်ကျပ်ကနေ နှစ်သောင်းထိရှိပါတယ်။

ဝန်ဆောင်မှုပိုင်းနဲ့ Hygiene နဲ့ပတ်သက်ပြီး ပြင်ဆင်ထားမှု

အစားအသောက်ကောင်းရုံတင်မကဘဲ ဝန်ဆောင်မှုကောင်းဖို့ကို အလေးထားတဲ့အတွက် ဒီနယ်ပယ်ထဲမှာ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေကိုသာ ရွေးချယ်ထားပါတယ်။ စားသုံးသူတွေကျေနပ်ဖို့အတွက် Hygiene ပိုင်းဆိုင်ရာတွေဖြစ်တဲ့ အစားအသောက်တွေ၊ အသုံးပြုတဲ့ကုန်ကြမ်းတွေကို သန့်ရှင်းလတ်ဆတ်ဖို့နဲ့ ချက်ပြုတ်တဲ့နေရာနဲ့ စားသုံးတဲ့နေရာ သန့်ရှင်းဖို့အတွက်ကို အလေးထားဆောင်ရွက်ပါတယ်။ Toilet တွေ၊ ဆိုင်ပတ်ဝန်းကျင်တွေမှာ သန့်ရှင်းဖို့လည်း ဂရုစိုက်ထားတယ်လို့ ဆိုပါတယ်။

indian2

လက်ရှိ ဖွင့်လှစ်ထားသောဆိုင်ခွဲများ

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၆ ရက်မှာ ပုလဲကွန်ဒိုမှာ Spices @Indian Tadka ဆိုင်ခွဲဖွင့်လှစ်ခဲ့ပါတယ်။ မန္တလေးမှာလည်း ၂၀၁၅ ခုနှစ်၊ သြဂုတ်လက Indian Tadka ဆိုင်ခွဲ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။

အနာဂတ်အစီစဉ်

အနာဂတ်အစီအစဉ်အနေနဲ့ လေးဆိုင်မြောက်ဆိုင်ခွဲကို ပုဂံမှာ ဖွင့်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

အယ်ဒီတာအဖွဲ့