[caption id="attachment_6513" align="alignnone" width="300"]
အိန္ဒိယ Shriharikota ကျွန်းရှိ Satish Dhawan အာကာသစခန်း[/caption] အင်္ဂါဂြိုဟ်စူးစမ်းရှာဖွေရေးအတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှု မကြာသေးမီက ရပ်တန့်သွားအပြီးမှာ အိန္ဒိယနိုင်ငံဟာ အာရှတိုက်မှာ အင်္ဂါဂြိုဟ်စူးစမ်းရှာဖွေရေးအတွက် ပထမဆုံး အစွမ်းအစ ပြသသူဖြစ်နိုင်ဖို့ ကြိုးစားလာပါတယ်။ အဲဒီအတွက် ၁.၃၅ တန်ရှိတဲ့ ရေခဲသေတ္တာခပ်ကြီးကြီးတစ်လုံးအရွယ် စူးစမ်းရှာဖွေရေးယာဉ်ကို နိုဝင်ဘာလ ၅ ရက်နေ့က လွှတ်တင်ခဲ့ပါတယ်။ အမေရိကန်က နာဆာအာကာသအဖွဲ့ဟာ ဘတ်ဂျတ်ဖြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွက် အင်္ဂါ ဂြိုဟ်လေ့လာရေးခရီးစဉ်တွေ ကန့်သတ်ခံနေရပါတယ်။ နာဆာဟာ အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) ကိုတော့ အခုလွှတ် တင်မှုမှာ မြေပြင်ထောက်လှမ်းမှုအတွက် အကူအညီပေးခဲ့ပါတယ်။ Ref: AFP