News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အိန္ဒိယမှာ ရွှေခွန်တိုးမြှင့် ကောက်ခံမှုကြောင့် သတို့သမီးစရိတ် အပေါ် ရိုက်ခတ်မှုရှိနေပြီး မှောင်ခိုတင်သွင်းမှုများလာ
Editorial
December 28, 2013
BRICS
News
မွမ်ဘိုင်း၊ အိန္ဒိယ(AP) - အိန္ဒိယမှာ မင်္ဂလာဆောင်ရာသီအထွတ်အထိပ်ကာလကို ရောက်ရှိနေတဲ့အတွက် မွမ်ဘိုင်းမြို့ကနာမည်ကျော် Zhaveri ရွှေဈေးဆိုင်တန်းတွေက အရောင်းကောင်တာတွေမှာ ခေါင်းဆွဲ၊ နှာခေါင်းကွင်းနဲ့ လည်ဆွဲတွေကို လာရောက်ကြည့်ရှုကြတဲ့ ဈေးဝယ်သူတွေနဲ့ ပြည့်ကြပ်နေပါတယ်။ ရိုးရာဓလေ့အရ သူနဲ့ သူရဲ့မိဘတွေတတ်နိုင်သလောက် ရွှေထည်တွေကို ဆင်မြန်းလေ့ရှိတဲ့ အိန္ဒိယသတို့သမီး တစ်ယောက်လောက်ဘယ်သူကမှ လက်ဝတ်ရတာနာတွေကို မဝတ်ဆင်ကြပါဘူး။ ဒီနေ့ခေတ်မှတော့ အများဆုံးဆိုတဲ့ သတို့သမီးစရိတ်ဟာ အရင်တုန်းကလောက် တောက်ပဝင့်ကြွားတဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းဖို့ မတတ်နိုင်တော့ပါဘူး။ သွင်းကုန်အခွန်တိုးလာတာနဲ့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် Rajanikant Mehta တို့လို ရွှေဝယ်သူတွေရဲ့ ညဉ်းညူသံတွေထွက်လာပါတယ်။ မွန်ဘိုင်းမြို့ပြင်ဘက်က စက်ရုံတစ်ခုကို ပိုင်ဆိုင်တဲ့ Mehta ဟာ ဒီလကုန်ပိုင်းလောက်က သူ့သားနဲ့လက်ထပ် ထားတဲ့ ချွေးမကို ဆင်ပေးဖို့အတွက် ရူးပီး တစ်သိန်း(အမေရိကန်ဒေါ်လာ ၁၈၀၀) တန် လည်ဆွဲတစ်ခုဝယ်ဖို့ စီစဉ်ထားပေမဲ့ ရွှေဈေးတွေတက်လာတဲ့အတွက် သူ့မှာ မပျော်နိုင်ဖြစ်နေပါတယ်။ ရွှေအကုန်လုံးနည်းပါးကို ပြည်ပကနေတင်သွင်းနေရတဲ့ အိန္ဒိယမှာ ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ သုံးနှစ်တာကာလတစ်လျှောက်မှာ ၅၀ ရာခိုင်နှုန်း၊ တစ်အောင်စကို ရူပီး ၈၇၀၀၀(အမေရိကန်ဒေါ်လာ ၁၄၀၀)အထိ တက်လာခဲ့ပါတယ်။ အခွန်နှုန်းအသစ်ကြောင့်နဲ့ ရူပီးငွေကြေးအားပျော့နေတာကြောင့် အိန္ဒိယရွှေဈေးနှုန်းဟာ ကမ္ဘာ့ဈေးကွက် ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းဈေးကြီးနေပြီး တစ်အောင်စကို ဒေါ်လာ ၁၂၀၀ ဝန်းကျင်မှာပဲရှိနေပါတယ်။ "ရွှေဈေးကဒီထက်ကျသင့်ပါတယ်။ ကမ္ဘာကြီးက အာလုံးဆက်နွှယ်ပတ်လွှမ်းနေတဲ့ ကမ္ဘာကြီးပါ။ ရွှေဈေးက တခြားနိုင်ငံတွေမှာလိုပဲ တပြေးညီတည်းဖြစ်မယ်ဆိုရင် ရွှေဝယ်လိုအားတက်လာမှာပါ" လို့ Mehta က ပြောပါတယ်။ ရွှေပိုမိုဝယ်ယူမှုကို ဟန့်တားဖို့အတွက် အိန္ဒိယအစိုးရဟာ ဒီနှစ်အတွင်းမှာ ရွှေတုံး၊ ရွှေချောင်း သွင်းကုန်အခွန်ကို သုံးကြိမ်တိုးမြှင့်ခဲ့ပြီး ဇန်နဝါရီလမှာ ၂ ရာခိုင်နှုန်းရှိရာကနေ အခု ၁၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ ရွှေဟာ ရေနံပြီးရင် အိန္ဒိယရဲ့ ဒုတိယအများဆုံးသွင်းကုန်ဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ နိုင်ငံရဲ့စီးပွားရေးတိုးတက် လာတာကြောင့် ပြည်သူတွေဝင်ငွေတိုးလာကြပြီး ရွှေဝယ်လိုအားတိုးလာတာဖြစ်တယ်။ ရွှေဝယ်လိုအားတိုးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကတော့ နိုင်ငံထဲကထွက်သွားတဲ့ငွေက နိုင်ငံထဲကို စီးဝင်လာတဲ့ငွေထက်များနေတဲ့အတွက် အိန္ဒိယရဲ့ စီးပွားရေးကို ထိခိုက်မှုရှိနေပါတယ်။ ရလဒ်အနေနဲ့ မတ်လမှာဆုံးတဲ့ ဘဏ္ဍာရေးနှစ် GDP ပမာဏရဲ့ ၄.၈ ရာခိုင်နှုန်းအထိ နိုင်ငံရဲ့ စာရင်းရှင်လိုငွေပြမှု သမိုင်းဝင်မှတ်တမ်းအနေနဲ့ မြင့်တက်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ဒီနှစ်မှာ ရူးပီးတန်ဖိုးကို ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းစေခဲ့ပြီး ရေနံဈေး၊ ဒေါ်လာဈေးနှုန်းနဲ့ အခြားကုန်ကြမ်းဈေးနှုန်းတွေမြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတက်လာခဲ့ပါတယ်။ ဇူလိုင်ကနေ စက်တင်ဘာအထိ သုံးလပတ်မှာ ရွှေတင်သွင်းမှု ၃၂ နှုန်းကျဆင်းခဲ့တဲ့အတွက် အခွန်နှုန်းအသစ် ဟာ အလုပ်ဖြစ်နေဆဲပုံပေါက်ပြီး ကမ္ဘာ့ရွှေဝယ်ယူမှုအများဆုံးနိုင်ငံဆိုတဲ့ဂုဏ်ပုဒ်ကို တရုတ်နိုင်ငံကို လွှဲပေးရဖွယ်ရှိနေပါတယ်။ သွင်းကုန်အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် မှောင်ခိုတင်သွင်းမှုတွေလည်း ပုံစံအမျိုးမျိုးနဲ့ တိုးပွားလာပါတယ်။ အိန္ဒိယမီဒီယာတွေရဲ့ဖော်ပြချက်အရ မိုးဘိုင်းဖုန်းဘက်ထရီထည့်တဲ့ အကန့်ထဲမှာ ရွှေချောင်းတွေထည့်လာတဲ့သူတွေ၊ ရွှေလည်ဆွဲတွေကို ခြေထောက်မှာပတ်ပြီးတင်သွင်းလာသူနဲ့ ရွှေစစ်စစ်နဲ့လုပ်ထားတဲ့ ချုပ်စက်အပ် ၁၀၉ ချောင်းကို မီးခိုးရောင်သုတ်ပြီး တရားဝင်တင်သွင်းလာတဲ့ တီဗီထည့်တဲ့ပုံးမှာ ချုပ်ထည့်လာတဲ့လူ စတဲ့ မှောင်ခိုတင်သွင်းမှု ပုံစံအမျိုးအမျိုးကို အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီချုပ်စက်အပ်တွေဟာ ၇၅၅ ဂရမ်း(၂၆.၆ အောင်စ)အလေးချိန်ရှိပြီး ရူပြီး ၁.၉ သန်း(အမေရိကန်ဒေါ်လာ ၃၀၅၀၀)တန်ဖိုးရှိတယ်လို့ သိရပါတယ်။ "မှောင်ခိုတင်သွင်းမှုတွေကို လေဆိပ်တွေနဲ့ အခြားနေရာတွေမှာ ဖမ်းဆီးရမိပြီး ဒီနှစ်ထဲမှာ မှောင်ခိုမှု နှစ်ဆတက်လာတယ်ဆိုတာကို ပြဖို့ လုံလောက်တဲ့ အထောက်အထားတွေရှိနေတယ်" လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ အန္ဒိယနိုင်ငံဆိုင်ရာ ဒါရိုက်တာ Somasundaram က ပြောကြားပါတယ်။
Ref : AP
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း